Ch 2 ရွေးချယ်စရာဆိုတာ ရှိရောရှိရဲ့လား? / ရွေးချယ်စရာဆိုတာ ရှိရောရှိရဲ့လား?

14.8K 1K 20
                                    

ZawGyi

ရုံးခန်းထဲတွင် ဝမ်ရိပေါ်တစ်ယောက် ထိုင်ခုံပေါ် ခေါင်းမှီပီးမနက်တုန်းက အကြောင်းအရာများကိုပြန်တွေးနေမိသည်။

Flashback

Ring...Ring...Ring

"ဟဲလို"

"ဟဲလို CEO ဝမ်ခင်ဗျာ့ ကျွန်တော် မန်နေဂျာ လီပေါဝမ် ပါ။ အခု ကုမ္မဏီမှာ ပြဿနာတက်နေပီခင်ဗျ အဲ့တာ CEO ဝမ်.."

"ကောင်းပီ ငါနာရီဝက်အတွင်းရောက်မယ်။ အစည်းအဝေးခေါ်ထားလိုက်"

"ဟုတ်ကဲ့ပါခင်ဗျာ့"

ရုံးသို့ရောက်ရောက်ချင်း အစည်းအဝေးခန်းထဲသို့သာ ဝမ်ရိပေါ် တန်းသွားလိုက်ပီး ဘဲဥပုံစားပွဲဝိုင်း၏ထိပ်ဆုံး နေရာတွင်ဝင်ထိုင်လိုက်ပီးနောက်

"ဘယ်လိုဖြစ်ရတာလဲ"

"ဟုတ်ကဲ့ ကျွန်တော်တို့ ရှေ့အပတ်အသစ်ထုတ်မဲ့ Game Software နဲ့ပတ်သတ်တဲ့ နည်းပညာတွေက ခိုးချထားတာဆိုပီး ဒီမနက်သတင်းတွေတက်လာပါတယ် အဲ့ဒီအချိန်ကစပီး ကုမ္မဏီ ရှယ်ယာဈေးတွေလည်း ဟိုးအောက်အထိကျ...."

"ခဏ! တစ်ခုခုတော့မှားနေပီ နည်းပညာတွေအပြင်ကိုပေါက်ကြားသွားတာမဟုတ်ပဲ ငါတို့ကခိုးချထားတယ်လို့ပြောလိုက်တာလား?"

မန်နေဂျာလီပေါဝမ်၏ စကားမဆုံးသေးခင် ဝမ်ရိပေါ်မှ မေးလိုက်သည့်အခါ အစည်းအဝေးခန်းထဲမှ လူများအားလုံးသည်ကြောက်လွန်းသဖြင့် အသက်တောင် ရဲရဲမရှုနိုင်တော့သည့် အနေအထားတွင်ရှိနေကြသည်။

"ဟုတ်ပါတယ် CEO ဝမ်။ အဲ့ဒါကြောင့်လည်း အခု ကုမ္မဏီရဲ့ ရှယ်ယာဈေးတွေ ဟိုးအောက်အထိကျသွားတာပါ"

"တောက်စ်!!! မင်တို့တွေ အလုပ်ကိုဘယ်လိုလုပ်နေတာလဲ? ကဲ Gaming Project အဖွဲ့ကရှင်းပြပါဦး အခုအခြေအနေကို"

ထိုအခါ Game Project အဖွဲ့မှူးမှ

"CEO ဝမ် ဖြစ်နိုင်မယ်ဆိုရင် သီးသန့်ဆွေးနွေးချင်ပါတယ်"

"ကောင်းပီး မန်နေဂျာလီ ကလွဲရင် ကျန်တဲ့သူတွေအားလုံးထွက်သွားကြ"

CEO ဝမ် စကားအဆုံး အစည်းအဝေးခန်းထဲမှ လူများအားလုံး အလျိုလျိုထွက်သွားကြတော့သည်။ ထိုနောက် အခန်းထဲတွင်သုံးယောက်တည်းသာကျန်ခဲ့ကြပီး

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now