Ch 20 အပေးရှိရင် အယူရှိတယ် ၂/အပေးရှိရင် အယူရှိတယ် ၂

12.8K 1.1K 77
                                    

ZawGyi

ယခုဆိုလျှင် ဝမ်ရိပေါ် အား Xiao Group မှ share များအားတရားဝင်လွှဲပြောင်းပေးပီးဖြစ်သည်၊ ဒီနေ့ ရှောင်ကျန့်ကို ဦးငယ်ခေါ်ထားသဖြင့် ရှောင်ယွီဖုန်းအိမ်သို့ရောက်နေသည်။ ဝမ်ရိပေါ်ကိုတော့မခေါ်လာတော့ဘဲ ဝူလင်းဟိုင်နှင့်သာရှောင်ကျန့်လာခဲ့လိုက်သည်။ စာကြည့်ခန်းထဲတွင်

"ဦးငယ် ကျွန်တော့်ကိုခေါ်တာ ကိစ္စရှိလို့လား?".

"ရှောင်အာ့ကို ဦးငယ် အကူအညီ တောင်းစရာတစ်ခုရှိလို့"

"အကူအညီ?"

"ဟုတ်တယ်။ ဦးငယ်သိရသလောက် အခု Wang Entertainment Inc က project အသစ်တစ်ခုလုပ်နေတယ်။ အဲ့တာ အဲ့ဒီ project ကို Xiao Group ကို ပြန်ရောင်းစေချင်လို့။ အဲဒါကြောင့် ရှောင်အာက ရိပေါ်ကိုပြောကြည့်ပေးပါလား?"

"ကျွန်တော်သိရသလောက် ကျွန်တော်တို့ကုမ္မဏီ က game ပိုင်းဆိုင်ရာတွေ မလုပ်ဘူးလေ။ ဘာလို့ အဲဒါကိုလိုချင်နေရတာလဲ"

"Game မဟုတ်ဘူး ရှောင်ကျန့်။ အခုဟာက နည်းပညာဆိုင်ရာ project တစ်ခု။ အဲ့ဒါသာ ဦးငယ်တို့ရလိုက်ရင် Xiao Group ရဲ့အနာဂတ်ဟာ အရမ်းကိုတောက်ပသွားပီး စီးပွားရေးလောကမှာ No 1 ဖြစ်လာမှာ။"

"အဓိပ္ပါယ်မရှိလိုက်တာ ဦးငယ်ရာ။ Xiao Group နံပါတ်တစ်ဖြစ်ဖို့ သူများကိုချနင်းရမှာတဲ့လား။ ကျွန်တော်မလုပ်နိုင်ဘူး"

"အဲ့ဒီလိုလည်းပြောလို့မရဘူးလေ။ ဝမ်ရိပေါ် ကသူများမှမဟုတ်တာ။ အခုဆိုသူက ရှောင်မိသားစုရဲ့ မိသားစုဝင်ဖြစ်နေပီပဲ။ Xiao Group ကလည်းသူနဲ့ဆိုင်တာပဲ။ ဘာလို့သူသာတယ် ကိုယ်နာတယ် တွက်နေရမှာလဲ?"

"အဲ့ဒါကြောင့်လား? အဲ့ဒါကြောင့် ရိပေါ်ကို ရှယ်ယာနည်းနည်းပေးပီး သူ့ဆီကများများပြန်ယူမယ်ပေါ့။"

"ရှောင်အာ စကားကိုဘယ်လိုပြောနေတာလဲ? သေချာစဉ်းစားကြည့်ရင်...."

"စဉ်းစားစရာကိုမလိုတာ။ ကျွန်တော် မလုပ်နိုင်ဘူး"

"ကုမ္မဏီအတွက်မကြည့်တော့ဘူးလား? ဒီကုမ္မဏီကိုဆက်လည်ပတ်နိုင်ဖို့ ဒီတစ်ခါပဲလုပ်ပေးပါ။ ဒီတစ်ခါနောက်ဆုံးပဲ။ ဒါပီးရင် အရာအားလုံးကို ကျော်လွှားသွားနိုင်ပီ။"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now