Ch 25 ရှင်းပြချင်ပါသော်လည်း/ရှင်းပြချင်ပါသော်လည်း

12.1K 1K 42
                                    

ZawGyi

ဒီနေ့သူငယ်ချင်းတစ်ဦးနှင့် ဟော့ပေါ့စားရန်ချိန်းထားသဖြင့် မေလင်းဆိုင်သို့ရောက်လာခဲ့ပီးကာမှ ချိန်းထားသောသူငယ်ချင်းက ကိစ္စပေါ်လာ၍မလာနိုင်တော့ကြောင်းဖုန်းဆက်သဖြင့် သူမလည်းတစ်ယောက်တည်းတော့ မစားချင်သောကြောင့် ဖုန်းပြောရင်းပြန်ထွက်အလာ အပေါက်ဝနားမရောက်မှီ လူတစ်ဦးနှင့်ဝင်တိုက်မိလေသည်။ အနည်းငယ်ရင်းနှီးနေပုံပေါက်သော ထိုလူမှ သူမအားတောင်းပန်လာသဖြင့် သူမလည်းအဆင်ပြေကြောင်းပြန်ပြောနေမိတုန်း ထိုသူ၏နောက်မှ လူတစ်ယောက်ကလှမ်းခေါ်လိုက်သည့်အသံကိုကြားလိုက်ရမိသည့် အချိန်။ ထိုအသံ အမြဲတမ်းအလွတ်ရနိုင်သည်အထိမှတ်မိနေသောထိုအသံ။ အရှေ့ကလူကိုကျော်၍အသံလာရာကိုလှမ်း၍ကြည့်မိသောအခါ ဘေးပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်ဘဲ ဝမ်ရိပေါ်မှာ သူမအရှေ့မှလူထံတွင်သာအာရုံအပြည့်အဝထား၍ စိတ်ပူနေဟန်ဖြင့်အမြန်လျှောက်လှမ်းလာနေသည်ကိုတွေလိုက်ရသည့်တစ်ခဏ။ ဘာ့ကြောင့်ရယ်မသိ ရုတ်တရက် တစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုခံစားချက်ကအလုံးအရင်းဝင်ရောက်လာပီး ဖြစ်ပေါ်လာတဲ့မွန်းကျပ်မှုကပြောပြမတတ်။ မရည်ရွယ်ပါပဲ နှုတ်ဖျားကထွက်သွားမိလိုက်သည်က 'မောင်' ဆိုတဲ့နှုတ်ကျိုးနေတဲ့နာမ်စား။

သူမအသံကြားတော့မှ ပတ်ဝန်းကျင်ကိုတစ်ချက်မကြည့်ခဲ့သောရိပေါ်ကလှမ်းကြည့်လာပီး သူမအားမြင်လိုက်ရချိန်တွင်တော့ အမြဲတမ်းခံစားချက်မရှိသည့်မျက်နှာက ဟန်ပင်မဆောင်နိုင်လောက်အောင်ပျက်သွားရသည်ကိုတွေ့လိုက်ရသည်။

ရှောင်ကျန့်ဆီသို့လျှောက်လာနေရင်း အနောက်မှထွက်ပေါ်လာသည့် အသံကြောင့် ရိပေါ်လှမ်းကြည့်လိုက်တော့ မေလင်းကိုတွေ့လိုက်ရသဖြင့်

'ကျစ်! ဘာဖြစ်လို့ဒီအချိန်မှလဲ'

သို့သော်လည်း နှုတ်မှတော့

"ကျဲ"

"မတွေ့တာတောင်ကြာပီ ရိပေါ်"

"အင်း"

ချိန်းထားသောသူငယ်ချင်းမလာသဖြင့်ပြန်တော့မည့်အကြောင်းပြောမိရာမှ ရှောင်ကျန့်၏ဧည့်ဝတ်ပြုမှုကြောင့် ယခုတော့ သူမတို့သုံးယောက်သားစားပွဲဝိုင်းတစ်ခုတွင် အတူတူထိုင်နေမိကြသော်ငြား ဘာစကားမှမပြောမိကြသေး။ ထို့ကြောင့် ရှောင်ကျန့်ကပဲ

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now