Ch 40 ဖူးစာမှန်လျှင်/ဖူးစာမှန်လျှင်

19K 1K 140
                                    

ZawGyi

"ရိပေါ်!!!!"

"ရှောင်ကျန့် သတိရပီလား?"

"ရိပေါ်! ရိပေါ်ရော ရိပေါ်ဘာဖြစ်သွားလဲကျိုးချန်"

"ရိပေါ်အခုခွဲခန်းထဲမှာ။ သူခေါင်းကိုထိသွားတယ်။ သူ့ကိုအကောင်းဆုံးဦးနှောက်နှင့်အာရုံကြောဆရာဝန်ကိုယ်တိုင် ခွဲစိတ်နေတာမို့ အရမ်းစိတ်မပူပါနဲ့"

"ငါ့ကိုခေါ်သွားပေး"

"ရှောင်ကျန့် မင်းကအပြင်ပန်းအရမ်းမထိခိုက်သွားပေမဲ့ မင်းနှလုံးကစည်းချက်မမှန်ဘူး။ ငါအခုဆေးတွေသွင်းပေးထားရတာ။ ဒီဆေးတွေကုန်မှသွား"

"ဟင့်အင်း ငါမစောင့်နိုင်ဘူး။ အခုသွားမယ်"

ရှောင်ကျန့်ကိုပြော၍မရသဖြင့် ကျိုးချန်လည်း ခွဲခန်းရှေ့သို့ခေါ်သွားလိုက်တော့သည်။ ခွဲခန်းရှေ့တွင် ငိုကြွေးနေပါသော ရှောင်ကျန့်ကို ကြည့်ပီးသူလည်းအမှန်ပင်စိတ်မကောင်း

"ရိပေါ်အိမ်ကိုအကြောင်းမကြားရသေးဘူး ရှောင်ကျန့်"

"ဟုတ်တယ် ငါမရှိရင်ရပီ။ ငါမရှိရင် အားလုံးပီးသွားမှာ"

သူပြောနေသည်ကိုနားထောင်နေပုံမရသည့် ရှောင်ကျန့်က ရုတ်တရက်ထပြောလာသောစကားကြောင့်

"မင်းဘာတွေပြောနေတာလဲ ရှောင်ကျန့်!!!!"

"ငါတကယ်ပြောတာ အခုကားက ငါ့ဆီကိုသက်သက်လာတာ။ အဲ့တာကိုရိပေါ်ကဝင်ခံလိုက်တာ။ အားလုံးငါ့ကြောင့်။ ငါနဲ့သာမတွေ့ခဲ့ဘူးဆိုရင် အခုအချိန်ဆိုရိပေါ်က အိမ်ထောင်ပြုပီး သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေရမှာ။ အခုတော့ငါ့ကြောင့် အန္တရာယ်ရှိတဲ့ကိစ္စတွေနဲ့ အရှုပ်အထွေးတွေကြားထဲမှာပိတ်မိနေတာ။ ကျိုးချန်ငါ့ကိုကူညီပါနော်။"

"နေပါဦး ငါကဘာကိုကူညီရမှာလဲ"

ရှောင်ကျန့်သူ့အစီအစဉ်အားပြောပြလိုက်သောအခါ

"မင်းရူးနေလား ရှောင်ကျန့်။ ငါ ငါမကူညီနိုင်ဘူး"

"အဲ့ဒီလိုမလုပ်ပါနဲ့ ကျိုးချန်ရယ်။ ကျေးဇူးပြုပီးငါ့ကိုကူညီပါ။ ငါတောင်းပန်ပါတယ်"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now