ZawGyi
ဒီနေ့ ဝမ်ရိပေါ် ဖျားချင်သလိုဖြစ်နေ၍အိမ်သို့စောပြန်လာခဲ့သည်။ အိမ်ရောက်တော့ အောက်ထပ်မှာဘယ်သူမှမတွေ့သဖြင့် ရိပေါ်လည်းသူ၏အခန်းထဲသို့သာဝင်၍အိပ်နေလိုက်သည်။
ရှောင်ကျန့် ပန်းချီခန်းထဲတွင်ပန်းချီဆွဲနေတုန်း ဖုန်းဝင်လာသဖြင့်
"ဟဲလို"
"ကျန့်ကော ကျွန်တော် ဖန်ရှင်းပါ"
"အင်း ဖန်ရှင်း ပြောလေ"
"CEO Wang ပြန်ရောက်ပီလားမသိဘူး"
"အယ် ရိပေါ်က ဒီအချိန်ပြန်မလာတတ်ဘူးလေ ဖန်ရှင်းရဲ့"
"ဟုတ်တယ် ဒါပေမဲ့ ဒီနေ့ CEO နေမကောင်းလို့ စောစောပြန်သွားတယ်။ CEO အကျင့်အရ သူကသူ့ကိုယ်သူလဲ ဂရုမစိုက်တတ်ဘူးလေ။ အဲ့ဒါကြောင့်မို့ ကျွန်တော် ကောကိုလှမ်းပြောတာ"
"အဲဒါဆိုရင် ရိပေါ် ပြန်ရောက်နေပီထင်တယ်။ ကော ကပန်းချီခန်းထဲမှာမို့ ပြန်လာတာမသိလိုက်တာနေမယ်။ စိတ်မပူနဲ့နော်။ ကော ဂရုစိုက်လိုက်ပါ့မယ်"
ရှောင်ကျန့်က များသောအားဖြင့် ပန်းချီထဲအာရုံရောက်နေချိန်မျိုးတွင် အပြင်လောကအားသတိမရတတ်။ ပန်းချီခန်းထဲတွင် ရှိနေတုန်းမို့ ရိပေါ်ပြန်ရောက်နေတာကိုသတိမထားမိခဲ့။ ရှောင်ကျန့်ဆွဲလက်စများအားလက်စသတ်ပီး ခြေလက်သန့်စင်၍ ရိပေါ်အခန်းသို့သွားလိုက်သည်။
ဒေါက် ဒေါက်
"တံခါးမပိတ်ထားဘူး"
"အဲ့ဒါဆို ကောဝင်လာပီနော်"
အခန်းထဲရောက်တော့ ကုတင်ပေါ်တွင်အိပ်နေသောရိပေါ်ကိုတွေ့ရသဖြင့်
"ရိပေါ် နေမကောင်းဘူးဆို ဆရာဝန်ခေါ်ပေးရမလား"
"ဘယ်သူပြောလဲ ကျွန်တော်နေမကောင်းဘူးလို့"
"ဟို...ဖန်ရှင်း ပြောတာ"
"ကျစ် လျှာကိုရှည်တယ်။ ဘာမှမဖြစ်ဘူး နေကောင်းတယ်။ ခေါင်းမူးတာလောက်ပဲ။ အိပ်လိုက်ရင်သက်သာသွားမှာ။"
"အဲ့ဒါဆို အိပ်လိုက်နော် တစ်ခုခုလိုတာရှိရင် ကောကိုပြောနော်။ နိုးလာရင်စားလို့ရအောင် ဆန်ပြုတ်ပြုတ်ပေးထားမယ်။"
YOU ARE READING