ZawGyi
ဆေးရုံကိုတော့ ကျိုးချန်ရှိတဲ့ Chao Group ပိုင်ဆေးရုံရှိရာသို့သာဦးတည်လာခဲ့လေသည်။ ဆေးရုံရောက်တော့လည်း ရှောင်ကျန့်အားဆရာဝန်များက စမ်းသပ်ပီး လိုအပ်သည်များကိုလုပ်ပီးသောအခါ ဝမ်ရိပေါ်မှ ဆရာဝန်အား
"ဆရာ လူနာရဲ့အခြေအနေ?"
"အရမ်းစိတ်မပူပါနဲ့။ လူနာကအအိပ်အစားမမှန်လို့ အားအရမ်းနည်းနေတာပါ။ ကျွန်တော် အားဆေးချိတ်ပေးပီး အိပ်ဆေးလည်းထိုးပေးထားလို့လောလောဆယ်တော့ သူနိုးဦးမှာမဟုတ်သေးဘူး။"
"သေချာလားဆရာ။ ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ ဆေးတွေဘာတွေစစ်ဖို့ရော မလိုအပ်ဘူးလား?"
"ဒါနဲ့လူနာနဲ့ဘာတော်သလဲ?"
"ကျွန်တော် ကသူ့အမျိုးသားပါ"
"ဪ ကောင်းပီလေ။ အခုက ဆေးစစ်ဖို့တော့မလိုအပ်ပေမဲ့ ကျွန်တော် ဒီမှာလူနာမှတ်တမ်းကိုကြည့်လိုက်တော့ သူပြနေကျဆရာဝန်ရှိတယ်။ ခင်ဗျားကိုသူနဲ့တွေ့ဖို့ ကျွန်တော်အခုစီစဉ်ပေးမယ်။"
တာဝန်ခံ ဆရာဝန်၏ခေါ်ဆောင်မှုဖြင့် ရှောင်ကျန့်ပြနေကျဆရာဝန်ထံသို့သူသွားတွေ့ခဲ့သည်။ ဆရာဝန်နှင်မတွေ့ခင် အပြင်ဘက်တွင်မြင်လိုက်ရသည့် စိတ်ကျန်းမာရေးအထူးကု ဆိုသည့်ဆိုင်းဘုတ်ကြောင့် သူ့စိတ်များရှုပ်ထွေးစွာဖြင့်နားမလည်နိုင်ဖြစ်သွားရသည်ကတော့အမှန်ပင်။ သူအထဲရောက်တော့
"မင်္ဂလာပါ ကျွန်တော့်နာမည်က ရှင်းလီပါ။ ရှောင်သခင်လေးက ကျွန်တော့်လူနာပါ။ CEO ဝမ်ကို ရှောင်သခင်လေးနဲ့ လက်ထပ်ထားတဲ့သူမှန်းကျွန်တော်ကတော့သိပီးသားပါ"
"ဟုတ်ကဲ့။ ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော့်အမျိုးသားကို ခင်ဗျားရဲ့လူနာလို့ပြောရတာလဲ။ ကျွန်တော်သိပ်မရှင်းဘူး"
"အမှန်တော့ ရှောင်သခင်လေး က စိတ်ကျရောဂါခံစားနေရလို့ ကျွန်တော်နဲ့ ကုသမှုခံယူနေရတာပါ"
"ဗျာ!! မဖြစ်နိုင်ဘူး။ ရှောင်ကျန့်ကလူကောင်းပါ။ ခင်ဗျားဘာတွေပြောနေတာလဲ!!"
ဒေါသထွက်လာသဖြင့် အော်ဟစ်ကာပြောဆိုလာသော ဝမ်ရိပေါ်အား ရှင်းလီမှ
YOU ARE READING