Ch 3 ကံကြမ္မာလှည့်ကွက် / ကံကြမ္မာလှည့်ကွက်

12.6K 1K 31
                                    


ZawGyi

ရှောင်ကျန့်ဆိုသည်မှာ Xiao အိမ်တော်၏ တစ်ဦးတည်းသောသားဖြစ်ပီး Xiao Group တစ်ခုလုံး၏ အမွေဆက်ခံသူလည်းဖြစ်သည်။ အသက်ငါးနှစ်အရွယ်တွင် မိဘများနှင့်အတူခရီးသွားရာမှ ကားအက်စီးဒင့်ဖြစ်ပီး မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့သဖြင့် အဖေ့၏ညီတစ်ဖြစ်လဲ လက်ရှိအချိန်တွင် Xiao Group ဥက္ကဌဖြစ်သည့် ဦးလေးဖြစ်သူ ရှောင်ယွီဖုန်း၏ စောင့်ရှောက်မှုအောက်တွင် အထီးကျန်စွာ ကြီးပြင်းလာခဲ့ရသည်။ အက်စီးဒင့်ဖြစ်စဉ်အချိန်က မိခင်ဖြစ်သူမှ မီးလောင်နေသောကားထဲမှ မနည်းကြိုးစား၍အပြင်သို့ရောက်အောင် ထုတ်ပေးခဲ့ခြင်းကြောင့်သာ အသက်အန္တရယ်မှလွတ်မြောက်ရာရခဲ့ခြင်းဖြစ်သည်။

ငယ်ရွယ်လွန်းသောအချိန်တွင် မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရပီး အက်စီးဒင့်၏ဘေးထွက်ဆိုးကျိုးအနေဖြင့်လည်း သုံးနှစ်ခန့် စကားမပြောနိုင်သည်အထိဖြစ်ခဲ့ရသည်။ ထို့အပြင် နှလုံးအားနည်းပီး ကျန်းမာရေးအနည်းငယ်ချူချာသဖြင့် ရှောင်သခင်ကြီးမှ အခြားသောသူများနှင့်အတူ ကျောင်းမတက်စေပဲ Xiao အိမ်တော်တွင်သာ တစ်ယောက်တည်းသီးသန့်ပညာ သင်ယူစေခဲ့သည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက တစ်ယောက်တည်း အထီးကျန်စွာ ကြီးပြင်းခဲ့ရသူဖြစ်သည်။ Xiao Group ကုမ္မဏီကိစ္စများတွင်လည်း ဝင်ရောက်စွက်ဖက်ခြင်းအလျဉ်းမရှိဘဲဝါသနာပါရာ စာအုပ်များ၊ ပန်းချီများနှင့်သာ ဘဝကို ငြင်ငြင်သာသာ ဖြတ်သန်းလာသူတစ်ဦးဖြစ်သည်။
_______________

စိမ်းစိုကျယ်ပြန့်သော Xiao အိမ်တော် ခြံဝန်းထဲသို့ ရှောင်သခင်ကြီးတစ်ဖြစ်လဲ ရှောင်ယွီဖုန်း၏ ကားလေးဝင်လာပီး စင်ဝင်အောက်တွင်ထိုးရပ်လိုက်သည်။ ရှောင်ယွီဖုန်းတစ်ယောက် ကားပေါ်မှ ဆင်းလာပီးနောက် အိမ်တော်၏ ဧည့်ခန်းထဲသို့လျှောက်လှမ်းလာကာ လက်ထောက်ဖြစ်သူ ဝူလင်းဟိုင်လည်းအတူပါလာပီး

"သခင်လေး ပန်းချီအခန်းထဲမှာထင်တယ် ကျွန်တော် သွားခေါ်လာခဲ့ပါ့မယ်"

ထို့နောက် ဝူလင်းဟိုင်မှ ပန်ချီအခန်းတံခါးအားခေါက်၍

"အကိုလေး သခင်ကြီးရောက်နေပါတယ်"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now