Ch 9 ရုန်းထွက်ဖို့ကြိုးစားရင်းနစ်မြုပ်နေ / ရုန်းထွက်ဖို့ကြိုးစားရင်းနစ်မြုပ်နေ

12.4K 1.1K 45
                                    

ZawGyi
မနက်ခုနှစ်နာရီလောက်ထပီး ရှောင်ကျန့် မနက်စာအတွက်ပြင်ဆင်နေမိသည်။ ရှောင်ကျန့်မိဘတွေ ကားအက်စီးဒင့် ဖြစ်ပီးချိန်ကတည်းက ရှောင်အိမ်တော်တွင် အလုပ်သမားများထားလေ့မရှိတော့။ ငယ်ငယ်တုန်းကအိမ်ထိန်းကြီးရှိခဲ့ဖူးပေမဲ့လည်း မိဘများဆုံးပီးချိန် ရွာခဏပြန်သွားမည်ဟုပြောပီး ယနေ့ထိပြန်မလာခဲ့။ ခြံစောင့်ဦးလေးကြီးနှင့် တောက်တိုမယ်ရခိုင်းရန် သူ၏သား၊ နောက်ပီးလုံခြုံရေးများကလွဲရင် အိမ်မှာ တခြားအလုပ်သမားများမရှိ။ ထိုသူများအားလုံးကလည်း ရှောင်အိမ်တော်ခြံဝင်းထဲတွင်သာနေကြရသဖြင့်အိမ်တော်ပေါ်တွင်ရှောင်ကျန့်တစ်ယောက်သာ။ ရှောင်ကျန့်ကလည်း တစ်ယောက်တည်း အေးဆေးနေရခြင်းကိုပဲ နှစ်သက်သည်။ တခြားလိုအပ်သည့်ဈေးဝယ်၊ သန့်ရှင်းရေး စသော ကိစ္စများကို လုပ်ပေးရန် ဝူလင်းဟိုင်မှ အလုပ်သမားများကို သုံးရက်တစ်ခါခန့် လွှတ်ပေးသည်။ထို့ကြောင့် ချက်ပြုတ်စားသောက်ခြင်းအမှုကိစ္စများကို မိမိဘာသာလုပ်လေ့ရှိသည်။ ရှစ်နာရီခွဲ သောအခါဝမ်ရိပေါ်အောက်ထပ်သို့ဆင်းလာသဖြင့်

"ရိပေါ် ရုံးသွားတော့မှာလား? မနက်စာလာစားလေ ကောပြင်ထားတယ် ဘာကြိုက်တတ်မှန်းမသိလို့ ဒီနေ့တော့ ဒီအတိုင်းပဲ စားလိုက်နော်။ ဘာစားတတ်လဲပြောထားရင် နောက်နေ့ကျရိပေါ်စားမယ့်ဟာလုပ်ပေးမယ်"

"မစားတော့ဘူး"

ငြင်းပီးသည်နှင့် ရိပေါ်ကားရှိရာသို့သွားလိုက်သည်။ ပြီးမှ မနေ့ကသူ့ပစ္စည်းတွေထည့်ထားတဲ့အခန်းထဲမှာ ပစ္စည်းယူရန်ရှိသဖြင့် ထိုအခန်းသို့သာဦးတည်လျှောက်သွားချိန် ထမင်းစားခန်းဘေးမှအဖြတ် စားပွဲပေါ်ရှိအစားအသောက်များကိုတစ်ယောက်တည်းထိုင်ကြည့်နေသော ရှောင်ကျန့်ကိုတွေ့လိုက်မိသော်လည်း ဆက်လျှောက်၍သာသွားလိုက်သည်။ အခန်းထဲမှပြန်ထွက်အလာ

"အဟမ်း..."

"ရိပေါ် မသွားရသေးဘူးလား? ကောကသွားပီထင်တာ"

"ပစ္စည်းတစ်ခုကျန်ခဲ့လို့ဝင်ယူတာ။ မနက်စာ ကပြင်ထားပီးပီဆိုတော့လဲစားလိုက်တော့မလို့။ ပီးတော့ ပြောစရာလည်းရှိလို့"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now