ZawGyi
ရှောင်ကျန့်တစ်နေကုန် ဝမ်ရိပေါ်ကို ဘယ်လိုပြောရင်ကောင်းမလဲဟုစဉ်းစားနေမိသည်။ သူလည်းအမှန်တော့ ရိပေါ်ကို ရှယ်ယာများပေးချင်မိသည်။ မဟုတ်ရင် ရိပေါ်မှာ ရှောင်မိသားစုတွင်မျက်နှာငယ်ရမည်မှာ ဧကန်မုချဖြစ်သည်။ သို့သော်လည်း သူပြောလိုက်မှ ရိပေါ်ဒေါသထွက်သွားမှာလည်းကြောက်သည်။ တကယ်ကို ဘာလုပ်ရမှန်းမသိတော့။ နောက်ဆုံးတော့ ပြောကြည့်မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။ အကယ်၍ ရိပေါ် မကြိုက်ဘူးဆိုလဲမတတ်နိုင်ဘူးပေါ့။
ဝမ်ရိပေါ်အိမ်ပြန်ရောက်လာကတည်းက ရှောင်ကျန့်သူ့ကိုတောက်လျှောက်ခိုးခိုးပီးကြည့်နေသည်ကိုသတိထားမိသည်။ သူလှည့်ကြည့်လိုက်တဲ့အချိန်မျိုးမှာတော့ မသိသလိုမျက်လုံးလွှဲလွှဲသွားပြန်ရော။ ယခုထမင်းစားချိန်တစ်ချိန်လုံးလည်း ခိုးကြည့်နေပြန်သည်။
"ပြောစရာရှိလား ရှောင်ကျန့်?"
ရှောင်ကျန့်တစ်ယောက် ရိပေါ်ကိုဘယ်ကစပြောရင်ကောင်းမလဲ ဆိုပီးကြည့်ကြည့်နေမိသော်လည်း တကယ်တမ်းကျတော့ဘာမှမပြောရဲသဖြင့် စိတ်ညစ်နေမိသည်။ ထိုအချိန်ဝမ်ရိပေါ်ဘက်မှစမေးလာသဖြင့်
"အင်း.. ကော ရိပေါ်နဲ့တိုင်ပင်စရာလေးရှိလို့"
"ဘာများလဲ?"
"အဲဒါကလေ ကောရဲ့ပိုင်ဆိုင်မှုတွေထဲက Xiao Group ရဲ့ ရှယ်ယာတစ်ချို့ကို ရိပေါ်ရဲ့နာမည်နဲ့လွှဲပေးချင်လို့"
ရှောင်ကျန့်ပြောပီး ဝမ်ရိပေါ်အား မရဲတရဲလှမ်းကြည့်လိုက်သည်။ ဝမ်ရိပေါ်၏အမူအယာမှာ ဘာမှမပြောင်းလဲဘဲ
"ရည်ရွယ်ချက် ကဘာလဲ? ကျွန်တော်အစောကြီးကတည်းက ပြောထားတယ်မဟုတ်လား? တစ်ယောက်စီးပွာရေးတစ်ယောက် ဝင်မစွက်ဖက်ဖို့"
"ရည်ရွယ်ချက်?"
"အင်း ကျွန်တော့်ကို ရှယ်ယာလွှဲပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်"
"ရည်ရွယ်ချက်ဆိုတာထက် အခုဆို ရိပေါ်ကလည်း ရှောင်မိသားစုဝင်တစ်ယောက်ဖြစ်နေပီမလား? အဲ့ဒါကြောင့် ရှောင်မိသားစုဝင် တစ်ယောက် အနေနဲ့ ရပိုင်ခွင့်လို့ပြောရမှာပေါ့။ ပီးတော့ အဲ့ဒါမှလည်း ဟိုတစ်ခါကလို တခြားရှောင်မိသားစုဝင်တွေက ရိပေါ်ကိုလက်လွတ်စပယ် မဆက်ဆံရဲမှာ။"
YOU ARE READING