Ch 12 ပိုင်ရှင်ရှိသည်/ပိုင်ရှင်ရှိသည်

13.2K 1.1K 56
                                    

ZawGyi

တနင်္ဂနွေနေ့တွင် ရိပေါ်နှင့်အတူသွားရမည့်ပွဲအတွက်လိုအပ်သည်များပြင်ဆင်ရန် ဝူလင်းဟိုင်အား ရှောင်ကျန့်ဖုန်းဆက်လိုက်သည်။

"ဟဲလို အကိုလေးပြောပါ"

"လာမယ့် တနင်္ဂနွေနေ့ကို ကျွန်တော် ရိပေါ်နဲ့အတူပွဲတစ်ခုသွားစရာရှိလို့။ အဲဒါအဝတ်အစားနဲ့ တခြားလိုအပ်မယ်ထင်တာလေးတွေ တစ်ချက်လောက် ပြင်ဆင်ပေးဖို့လှမ်းပြောတာ"

"ဘာပွဲလဲသိလား အကိုလေး။ ပွဲအမျိုးအစားသိမှ ကျွန်တော့်ဘက်က လုပ်မယ့်ပွဲနဲ့ကိုက်မယ့်အဝတ်အစား စီစဉ်ပေးရမှာမို့လို့ပါ"

"ဘာပွဲလဲတော့ ကျွန်တော်လည်းမသိဘူး။ ညစာစားပွဲလို့တော့ပြောတာပဲ"

"ကိစ္စမရှိဘူး အကိုလေး။ ကျွန်တော်စုံစမ်းလိုက်မယ်။ စနေနေ့ အပီး လိုအပ်တာအားလုံးပြင်ဆင်ထားလိုက်မယ်"

"ကောင်းပါပီ ဦးလေးဝူ"

ရှောင်ကျန့်နှင့်ဖုန်းပြောသည်ကို ရှောင်ယွီဖုန်း ကြားသဖြင့်

"ရှောင်ကျန့်လား ဘာကိစ္စတဲ့လဲ"

"လာမယ့် တနင်္ဂနွေနေ့ကျရင် ဝမ်ရိပေါ်နဲ့အတူ ပွဲတက်ဖို့တဲ့"

"ဝမ်ရိပေါ်က ရှောင်ကျန့်ကို ပွဲတွေဘာတွေတက်ဖို့ခေါ်တယ်ပေါ့"

"ကြည့်ရတာတော့ partner နဲ့အတူ တက်ရမဲ့ပွဲထင်တယ်။ ကျွန်တော်စုံစမ်းလိုက်ပါ့မယ်"

_________________________

Sunday......

ညစာစားပွဲ တက်ရမည်ဖြစ်သဖြင့် ရိပေါ် 4 နာရီခွဲလောက်အိမ်သို့ပြန်လာခဲ့သည်။ ရှောင်ကျန့် ဧည့်ခန်းထဲတွင်ရှိနေတုန်း ရိပေါ်ဝင်လာတာတွေ့သဖြင့်

"ရိပေါ် ပြန်လာပီလား? ဘယ်အချိန်အပီးလုပ်ထားရမလဲ?"

"5 နာရီခွဲ လောက်ထွက်မယ်။ ပွဲက 6 နာရီစမှာ"

"ကောင်းပီ ကော အဆင့်သင့်လုပ်ထားလိုက်မယ်"

ရိပေါ်လည်းအပေါ်ထပ်အခန်းထဲသို့သာတက်သွားလိုက်သည်။ ရေမိုးချိုး လုပ်စရာရှိသည်များကိုလုပ်အပီး အဆင်သင့်ဖြစ်ချိန် ရှောင်ကျန့်အခန်းသို့သွား၍ တံခါးခေါက်လိုက်ပီး အပြင်မှလှမ်း၍

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now