ႏွလံုးသားထဲမွတစ္ခုတည္းေသာအခ်စ္ႏႈတ္ဆက္/နှလုံးသားထဲမှတစ်ခုတည်းသောအချစ်နှုတ်ဆက်

15.3K 652 50
                                    

ZawGyi

ႏွလံုးသားထဲမွတစ္ခုတည္းေသာအခ်စ္ ႏႈတ္ဆက္ျခင္းအမွတ္တရ

အမွန္ေတာ့ ဒီ fic ေလးကို စေရးကတည္းက အခ်စ္အေၾကာင္းဦးစားေပးတဲ့ပံုစံမ်ိဳးမဟုတ္ဘဲ ခ်စ္ျခင္းေမတၱာကိုေဖာ္ျပတဲ့ပံုမ်ိဳးေလးေရးခ်င္ခဲ့လို႔ ေရးလိုက္မိတာ။ ဒီ fic ထဲမွာ အားလံုး သတိထားမိသလို ရိေပၚက ေ႐ွာင္က်န္႔ကိုခ်စ္ပါတယ္လို႔ ပါးစပ္ကေနထုတ္မေျပာခဲ့သလို ေ႐ွာင္က်န္႔ကလည္းရိေပၚေ႐ွ႕မွာ ခ်စ္တယ္လို႔မေျပာခဲ့ပါဘူး။ အဲ့ဒီအစား ရိေပၚက သူေ႐ွာင္က်န္႔ကိုဘယ္ေလာက္ခ်စ္ေၾကာင္း ေ႐ွာင္က်န္႔ခံစားမိေအာင္ ဂ႐ုတစိုက္ၾကည့္႐ႈကာကြယ္ေပးပီး သူအခ်စ္ေတြကိုေဖာ္ျပသြားခဲ့တာမ်ိဳးပါ။ ေ႐ွာင္က်န္႔ ဘက္ကလည္းရိေပၚကိုသူအတတ္ႏိုင္ဆံုးျပန္ကာကြယ္ပီး ခ်စ္ရတဲ့သူမထိခိုက္ရေလေအာင္ျပန္ခ်စ္ျပတဲ့ပံုမ်ိဳးေလးေရးျပထားတာပါ။ အျပန္အလွန္ ထုတ္ေျပာတာမ်ိဳးမ႐ွိခဲ့တဲ့အတြက္ အားမရတဲ့စာဖတ္သူေလးေတြ႐ွိႏိုင္တာကိုေတာ့ Huli ဘက္က အားလည္းအားနာရပီး ေတာင္းလည္းေတာင္းပန္လ်ွက္ပါ။ Huli သေဘာက်တဲ့အခ်စ္က ပါးစပ္ကအေျပာသပ္သပ္မ်ိဳးမဟုတ္ဘဲ ကိုယ္တကယ္ခ်စ္ရတဲ့သူကို အျပဳအမႉေတြနဲ႔ခ်စ္ေၾကာင္း ဂ႐ုစိုက္ေၾကာင္းေဖာ္ျပေပးတဲ့ပံုစံေလးမို႔ ဒီ fic ေလးကိုအရင္ဆံုးေရးျဖစ္ခဲ့တာပါ။ ေျပာျပမွမဟုတ္ဘဲနဲ႔ ခံစားပီးသိျမင္ႏိုင္တဲ့အခ်စ္ပံုစံေလးေပါ့။ မေရးခင္ကတည္းက 'ခ်စ္တယ္' ေျပာတဲ့အခန္းလံုးဝထည့္မေရးဖို႔ဆံုးျဖတ္ထားပီးသားပါ။ သို႔ေသာ္ျငား ပါးစပ္ကထုတ္ေျပာမွသိတဲ့အခ်စ္ေတြကိုလည္းလက္ခံသူတစ္ေယာက္ျဖစ္ေသာေၾကာင့္ ေနာက္ fic ေတြက်ရင္ သူတို႔ကိုအျပန္အလွန္ေျပာေပးခိုင္းပါ့မယ္႐ွင္။

ေနာက္ပီး Huli ရဲ႕ ပထမဆံုး fic ေလးကို Huli နဲ႔အတူ လိုက္ပါစီးေျမာခံစားေပးခဲ့တဲ့စာဖတ္သူတစ္ေယာက္ခ်င္းဆီတိုင္းကိုေက်းဇူးတင္႐ွိပီး comments မ်ားေပးတဲ့သူမ်ားကိုေတာ့အထူးေက်းဇူးတင္႐ွိပါသည္။ Huli က comment ႀကိဳက္လို႔ပါ။ သေဘာက်ေပးတဲ့သူမ်ားကိုေတာ့ အထူးအထူးေက်းဇူးတင္႐ွိပါတယ္႐ွင္။

Unicode

နှလုံးသားထဲမှတစ်ခုတည်းသောအချစ် နှုတ်ဆက်ခြင်းအမှတ်တရ

အမှန်တော့ ဒီ fic လေးကို စရေးကတည်းက အချစ်အကြောင်းဦးစားပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ပုံမျိုးလေးရေးချင်ခဲ့လို့ ရေးလိုက်မိတာ။ ဒီ fic ထဲမှာ အားလုံး သတိထားမိသလို ရိပေါ်က ရှောင်ကျန့်ကိုချစ်ပါတယ်လို့ ပါးစပ်ကနေထုတ်မပြောခဲ့သလို ရှောင်ကျန့်ကလည်းရိပေါ်ရှေ့မှာ ချစ်တယ်လို့မပြောခဲ့ပါဘူး။ အဲ့ဒီအစား ရိပေါ်က သူရှောင်ကျန့်ကိုဘယ်လောက်ချစ်ကြောင်း ရှောင်ကျန့်ခံစားမိအောင် ဂရုတစိုက်ကြည့်ရှုကာကွယ်ပေးပီး သူအချစ်တွေကိုဖော်ပြသွားခဲ့တာမျိုးပါ။ ရှောင်ကျန့် ဘက်ကလည်းရိပေါ်ကိုသူအတတ်နိုင်ဆုံးပြန်ကာကွယ်ပီး ချစ်ရတဲ့သူမထိခိုက်ရလေအောင်ပြန်ချစ်ပြတဲ့ပုံမျိုးလေးရေးပြထားတာပါ။ အပြန်အလှန် ထုတ်ပြောတာမျိုးမရှိခဲ့တဲ့အတွက် အားမရတဲ့စာဖတ်သူလေးတွေရှိနိုင်တာကိုတော့ Huli ဘက်က အားလည်းအားနာရပီး တောင်းလည်းတောင်းပန်လျှက်ပါ။ Huli သဘောကျတဲ့အချစ်က ပါးစပ်ကအပြောသပ်သပ်မျိုးမဟုတ်ဘဲ ကိုယ်တကယ်ချစ်ရတဲ့သူကို အပြုအမှူတွေနဲ့ချစ်ကြောင်း ဂရုစိုက်ကြောင်းဖော်ပြပေးတဲ့ပုံစံလေးမို့ ဒီ fic လေးကိုအရင်ဆုံးရေးဖြစ်ခဲ့တာပါ။ ပြောပြမှမဟုတ်ဘဲနဲ့ ခံစားပီးသိမြင်နိုင်တဲ့အချစ်ပုံစံလေးပေါ့။ မရေးခင်ကတည်းက 'ချစ်တယ်' ပြောတဲ့အခန်းလုံးဝထည့်မရေးဖို့ဆုံးဖြတ်ထားပီးသားပါ။ သို့သော်ငြား ပါးစပ်ကထုတ်ပြောမှသိတဲ့အချစ်တွေကိုလည်းလက်ခံသူတစ်ယောက်ဖြစ်သောကြောင့် နောက် fic တွေကျရင် သူတို့ကိုအပြန်အလှန်ပြောပေးခိုင်းပါ့မယ်ရှင်။

နောက်ပီး Huli ရဲ့ ပထမဆုံး fic လေးကို Huli နဲ့အတူ လိုက်ပါစီးမြောခံစားပေးခဲ့တဲ့စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ရှိပီး comments များပေးတဲ့သူများကိုတော့အထူးကျေးဇူးတင်ရှိပါသည်။ Huli က comment ကြိုက်လို့ပါ။ သဘောကျပေးတဲ့သူများကိုတော့ အထူးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။

🎉 You've finished reading နှလုံးသားထဲက တစ်ခုတည်းသောအချစ် /ႏွလုံးသားထဲက တစ္ခုတည္းေသာအခ်စ္ 🎉
နှလုံးသားထဲက တစ်ခုတည်းသောအချစ် /ႏွလုံးသားထဲက တစ္ခုတည္းေသာအခ်စ္Where stories live. Discover now