Ch 33 နာကျင်ခြင်းအဆုံးသတ်/နာကျင်ခြင်းအဆုံးသတ်

12.2K 1K 52
                                    

ZawGyi

"အချိန်တစ်ခုရောက်တဲ့အခါကျရင် ငါ့ကိုကွာရှင်းပေး ဝမ်ရိပေါ်"

"ရှောင်ကျန့်!!!"

မထင်မှတ်ထားတဲ့အချိန်မှာ ကြားလိုက်ရတဲ့မထင်မှတ်ထားသောစကားကြောင့် မထိန်းလိုက်နိုင်သောဒေါသအလျောက်သူအသံကျယ်မိသွားသည်။ သူရှောင်ကျန့်ကိုအော်မိသွားပြန်ပီ။ ရှောင်ကျန့်ကိုစိတ်ဆင်းရဲအောင်ဘယ်တော့မှထပ်မလုပ်ဘူးဆိုပေမဲ့လို့ ကွာရှင်းပေးဖို့စိတ်ကူးတော့တစ်စိုးတစ်စိမျှပင်မရှိခဲ့။ ရှောင်ကျန့်ဘေးမှာတစ်သက်လုံးနေပီး စောင့်ရှောက်ပေး၍ ကာကွယ်ပေးမည်ဟုသာတွေးထားခဲ့သည်။ ယခုလိုရှောင်ကျန့်ဆီမှ ကွာရှင်းမည်ဟုဒုတိယအကြိမ်ထပ်ကြားလိုက်ရသောအခါ မညာတမ်းပြောရလျှင်သူအလွန်ပင်တုန်လှုပ်နေမိသည်။

"sorry ကိုယ် အသံကျယ်သွားမိလို့။ ကိုယ်အရင်တည်းကပြောခဲ့ပီးသားနော်။ လုံးဝကွာရှင်းမပေးနိုင်ဘူးလို့။ ကိုယ်သေမှပဲရမယ် အဲဒီကွာရှင်းခွင့်က"

စိတ်အစဉ်ကိုပြန်ထိမ်းသိမ်းကာ မမာမပျော့သောလေသံနှင့်သာသူ ရှောင်ကျန့်ကိုပြန်ပြောလိုက်သည်။

"ငါမှမပေါင်းချင်တာ"

"ရှောင်ကျန့် ကိုယ်ရှင်းပြမယ်။ ဖြစ်ခဲ့တာတွေအားလုံးအတွက်လည်း ကိုယ်တကယ်ကိုတောင်းပန်ပါတယ်။ အခုအချိန်မှာ ကိုယ်ပြောတာတွေကို ယုံချင်မှလည်းယုံလိမ့်မယ်ဆိုတာသိတယ်။ မယုံလည်းရတယ်။ ကိုယ်ကသက်သေပြပေးမှာ။ အမှန်တော့..."

"အကြောင်းပြချက်တွေကို ငါမသိချင်ဘူးရိပေါ်။ အခုအချိန်မှာ ငါတစ်ယောက်တည်းအရင်လို အေးအေးချမ်းချမ်းပဲနေချင်တယ်"

သူ့စကားပင်မဆုံးသေး အေးဆေးတည်ငြိမ်သော လေသံဖြင့်ရှောင်ကျန့်ကဖြတ်ပြောလိုက်ပီး ထမင်းစားခန်းထဲမှထထွက်သွားသဖြင့် သူလှမ်းပြောမိသည်က

"ထပ်ပြောလိုက်မယ်။ ကျွန်တော်ဘက်ကတော့ကွာရှင်းမပေးနိုင်ဘူး"

သူ့စကားအဆုံး အပြင်သို့လှမ်းနေသည့် ရှောင်ကျန့်ခြေလှမ်းများကရပ်တန့်သွားပီး

"ကောင်းပီလေ မင်းဘက်ကအဲဒီလိုဆိုမှတော့ ငါက ကွာရှင်းခွင့်ကို တရားရုံးကနေတောင်းယုံပဲပေါ့"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now