Ch 10 ငြိတွယ်လာသောသံယောဇဉ်ကြိုး/ ငြိတွယ်လာသောသံယောဇဉ်ကြိုး

12.6K 1.1K 55
                                    

ZawGyi

ဝမ်ရိပေါ်နှင့် ရှောင်ကျန့် လက်ထပ်ပီးတာ တစ်လခန့်ရှိပီဖြစ်ပီး အခြေအနေကတော့ ဆိုးရွားမှုလည်းမရှိ တိုးတက်မှုလည်းမရှိချေ။ ဝမ်ရိပေါ်မှာ မနက်မိုးလင်းသည်နှင့် အိမ်ကထွက်သွားတတ်ပီး ညဆိုလျှင်လည်း မိုးချုပ်မှပြန်လာသည်ကများသည်။ ဒီနေ့တော့ ရှောင်ကျန့်ဧည့်ခန်းထဲတွင် တီဗီကြည့်နေတုန်း ဝမ်ရိပေါ် စောပြန်လာသဖြင့်

"ရိပေါ် ဒီနေ့စောတယ်နော်၊ ညစာစားမယ်ဆို ကောပြင်ပေးမယ်လေ"

"အင်း စားမယ်"

ညစာစားချိန်.....

"ဒီနေ့ မား ဖုန်းဆက်တယ်။ မနက်ဖြန်အိမ်ကိုလာခဲ့ပါတဲ့။ မင်္ဂလာပွဲပီးကတည်းက သေချာလည်းမတွေ့ရသေးတော့ ခင်ဗျားကိုပါခေါ်လာခဲ့တဲ့။ အဲ့ဒါမနက်ဖြန် ခင်ဗျားအားတယ်ဆိုရင် မားတို့ဆီသွားမလို့ အဆင်ပြေလား?"

"ရတယ်လေ ဘယ်အချိန်သွားမှာလဲ? ကောအဆင်သင့်လုပ်ထားလိုက်မယ်"

"မနက်စာ စားပီးတာနဲ့ သွားမယ်"

ထို့နောက်ထမင်းဝိုင်းမှာ တိတ်ဆိတ်မှုသာပြန်လည်ကြီးစိုးသွားပီး ရိပေါ် ထမင်းကိုသာဆက်စားနေမိသည်။ ထမင်းစားရင်း တွေးနေမိသည်က

'ဒီလူ ဟင်းတော့တော်တော်ချက်တတ်တာပဲ။ ဟင်းတွေအကုန်လုံးအရသာမရှိတာကို မရှိဘူး'

နောက်တစ်နေ့မနက် ရှောင်ကျန့်နှင့်ရိပေါ် မနက်စာ စားပီးသည်နှင့် ဝမ်အိမ်သို့ထွက်လာခဲ့ကြသည်။ ခြံထဲသို့ကားဝင်လာသည်နှင့် ဝမ်မား ထွက်လာပီး

"ကလေးတွေလာကြပီ၊ လာကြ လာကြ မားက မနက်စာပါ ဒီမှာစားပါဆိုတာကို ရိပေါ်ကပြောလို့ကိုမရဘူး"

"ရိပေါ်က အားရီတို့အလုပ်ရှုပ်မှာစိုးလို့ပါ ၊ ကျွန်တော်တို့ နေ့လည်စာရော ညစာပါစားပီးမှပြန်မယ်လေ"

"ဟုတ်ပါပီကွယ်။ သားတို့ အေးအေးဆေးဆေး အနားယူလေ မားဟင်းချက်နေတုန်းမို့လို့၊ မင်းတို့ပါးကတော့ စာကြည့်ခန်းထဲမှာရှိတယ်။ မင်းတို့ ရောက်နေပီဆိုတာသွားပြောလိုက်ဦးနော် ဝမ်လေး"

"အားရီ ဟင်းချက်တာ ကျွန်တော် ကူလုပ်ပေးမယ်လေ"

"မလုပ်ပါနဲ့ သားကျန့်ရယ်၊ မားလုပ်နေကြပါ။ သားက အေးဆေးနားနေ"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now