Intro

48.6K 1.5K 34
                                    

Unicode

Seme ::: ဟန်မင်းထွဋ်

အသက်၂၀အရွယ်ဖြစ်ပြီးအရပ်၅ပေ၁၁လက်မရှည်သည်။မေးရိုးထောင့်နည်းနည်းကျပြီးမျက်နှာရှည်ရှည်နှင့် နှာတံမြင့်မြင့်နှုတ်ခမ်းမထူမပါးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ဖြစ်သည်။
ညိုသည်ဆိုသော်လည်းမညို၊ဖြူသည်လားဆိုသော်လည်းမဖြူသောအသားအရည်တစ်နည်းအားဖြင့်ယောကျာ်းပီသသောအသားအရည်နှင့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်သူလည်းဖြစ်ပြန်သည်။
မွေးရာပါဗီဇအရအားကစားကိုအလွန်၀ါသနာပါသူဖြစ်သည်။gymဆော့ရသည်ကိုလည်းနှစ်သက်သည်။

အလွန်အနေအေးပြီးသူငယ်ချင်းအများအပြားမရှိ။ငယ်သူငယ်ချင်းသုံးဦးသာရှိသည်။
ဆယ်တန်းကို၃ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ကာ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် တွင် ဒုတိယနှစ်ကိုတက်ရောက်နေသူဖြစ်သည်။

စာအလွန်ကြိုးစားသောစာကြမ်းပိုးလေးလည်းဖြစ်သည်။

×××××××× ×××××××× ××××××××

Uke :::: နေမင်းယံ

အသက်၁၆နှစ်ဖြစ်ပြီးအရပ်၅ပေ၉လက်မရှည်သည်။မေးရိုးသွယ်သွယ် ၊နှာတံစင်းစင်း၊ မျက်လုံး၀ိုင်း၀ိုင်းလေးဖြစ်သည်။

အသားဖြူဖြူဥဥကလေးဖြစ်သည်။ဆံပင်ရှေ့ကိုမျက်ခုံးနားထိထားကာအမြဲအရှေ့ချထားလေ့ရှိသည်။

ငယ်သူငယ်ချင်း၅ယောက်သာရှိပြီးဆိုးတူကောင်းတူများဖြစ်သည်။စိတ်တိုလွယ်၍ရန်လိုသောသူလည်းဖြစ်သည်။
စိတ်မထင်ရင်မထင်သလိုပေါက်ကွဲတတ်သည်။ မိမိကိုယ်သာမိမိကိုးကွယ်ရာဟုခံယူသူလည်းဖြစ်သည်။

(A/N:: နေမင်းယံ၏ပုံစံကိုမြင်ဖူးရုံဖြင့်အကျင့်ကိုခန်းမှန်းလို့မရသောကောင်လေးပါ😁😁)

နေမင်းဟူသောအဓိပ္ပာယ်အတိုင်းပင် ပူလောင်မှုကိုရှာဖွေသောသူဖြစ်သည်။

၉တန်းဖြေပြီး၍၁၀တန်းတက်ရမည်ဖြစ်ပါသော်လည်းစာကိုစိတ်၀င်စားခြင်းလုံး၀မရှိသည့်အတွက် သူငယ်ချင်းများနှင့်နေ့တိုင်းအပြင်သွားကာပျော်ပါးနေသူလည်းဖြစ်သလိုရန်မဖြစ်သည့်နေ့မရှိဟုပြောရမည်သာဖြစ်သည်။

ကဲ readersတို့ရေ ဟန်မင်းထွဋ်နဲ့နေမင်းယံကဘာဆိုဘာမှမတူဘူးနော်😁😁

Without you, I would not exist. (complete)Where stories live. Discover now