Part (23)

5.3K 446 8
                                    

Unicode

       သင်္ကြန်ပြီးသော နောက်ပိုင်းရက်များတွင် နေမင်းယံသည် စုလဲ့ရဲ့ accကိုလည်း block ထားသလို ဖုန်းနံပါတ်ကိုလည်း block  list ထဲထည့်ထားလိုက်သည်။ မိမိဘက်က စုလဲ့ကို ပြတ်ပြီလို့ ပြချင်တဲ့ သဘောပါ။ ပါးစပ်ကနေ ပြတ်ပြီ လို့မပြောမချင်း ချစ်သူရည်းစား ဖြစ်သေးတာကို သိပေမယ့် နေမင်းယံ စုလဲ့ကို ဘာမှ မပြောဘဲ မိမိဘက်ကသာ ပြတ်ကြောင်းပြနေမိတာပါ။

        နေမင်းယံသည် မိမိချစ်ရသူက မိမိကို ချစ်တယ်လို့မပြောဘဲ တစ်နိုင်ငံထဲ တစ်မြို့ထဲတွင် တူတူနေရသည်ကို ရင်နာသဖြင့် ဆယ်တန်းအောင်စာရင်း ထွက်ပြီးသော နောက်နေ့တွင် ဦးလေးတို့ရှိသော မလေးရှားကို အပြီးထွက်သွားဖို့ပြင်ဆင်မိသည်။

       ဆယ်တန်းအောင်စာရင်းထွက်ဖို့က တစ်ပတ်ကြာမျှလိုသေးသည်ဖြစ်သော်လည်း နေမင်းယံသည် မလေးရှားသို့သွားရန် ကြိုတင်ပြင်ဆင်နေသည်။ ဦးလေးတို့အိမ်မှာ နေရင်းကျောင်းတက်ရန်လည်း ပြင်ထားသည်။

       Dad ကတော့ နေမင်းယံက သူ့ကို ထားကာ အဝေးထွက်သွားတော့မည်ဖြစ်၍ စိတ်မကောင်းဖြစ်နေပါသည် ။ နေမင်းယံ Dad ကိုအားနာပေမယ့်လည်း ဒီမှာ ထပ်နေဖို့အတွက် နေမင်းယံမှာ အားမရှိတော့။
__________________________________________________×××××

  တစ်နေ့သောညနေ~~~~~

     ဦးဇေယျာမောင်သည် ဒီနေ့ကို company မသွားဘဲ အိမ်မှာသာ နေနေမိသည်။ မိမိ၏ ချစ်ဇနီးသည်လည်း ရုံးသို့မသွားဘဲ မိမိနှင့်အတူအိမ်မှာပဲ နေသည်။

      ဦးဇေယျာမောင်သည် ထမင်းစားချိန်နှင့် ရေချိုးချိန်မှ လွဲ၍ ကျန်တဲ့အချိန်များတွင် ခြံထဲက သစ်ပင်အရိပ်ရသော ခုံလေးပေါ်၌ထိုင်ကာ စဥ်းစားခန်း၀င်နေမိသည်။ ဒေါ်ခင်နုသည်လည်း မိမိရဲ့ ကိုကြီး ခုလို စဥ်းစားနေသည်မှာ နေမင်းယံအကြောင်းဆိုတာသိ၍ သွားမနှောင့်ယှက်ဘဲ လုပ်စရာရှိတာသာ လုပ်နေသည်။

       ဦးဇေယျာမောင်သည် နေမင်းယံအကြောင်းကို တစ်နေကုန် တွေးနေမိသည်။ မိမိရဲ့ တစ်ဦးတည်းသောသားက မိမိကို ခုလို ခွဲခွာသွားတော့မည် ဆိုတော့ အလွန် ၀မ်းနည်းနေမိသည်။ သားရဲ့ ဘာအကြောင်းကြောင့်သွားချင်တာပါ ဆိုတဲ့အကြောင်းပြချက်ကိုလည်း ကြားချင်မိသည်။

Without you, I would not exist. (complete)Where stories live. Discover now