Part (24)

5.9K 462 16
                                    

Unicode

        မိုးတွေကလည်း သည်းကြီးမည်းကြီး ရွာကာ မိမိခံစားနေရတာကို ကူ၍ ငိုပေးနေသည်ဟုပင်ထင်မိသည်။ စုလဲ့သည် ခုချိန်ထိ ကန်တော်ကြီးထဲက မပြန်ရသေး ။ ခုံပေါ်တွင်သာထိုင်၍ ငိုနေမိသည် မှာ အချိန်အားဖြင့် အတော်ကြာပြီဖြစ်သည်။ နေ သည်ပင် အနောက်ဘက်သို့၀င်တော့မည်ဖြစ်သည်  နေ့၏ အလင်းရောင်သည်လည်း သိပ်လင်းနိုင်စွမ်း မရှိတော့ ။

        နောက်ထပ် မိနစ်အနည်းငယ်တွင် ကန်တော်ကြီးဥယျာဥ်ပင် ပိတ်တော့မည်ဖြစ်သည့် အတွက် စုလဲ့ မိုးရေထဲတွင်ပင် လမ်းလျှောက်ကာ ကန်တော်ကြီးထဲမှပြန်ထွက်မိသည်။ မိုးတွင်းဖြစ်၍ ထီးဆောင်ထားသော်လည်း ထိုထီးကိုပင် ထုတ်မဆောင်းချင်တော့။ မိိမိအတွက် ထိုသို့ မိုးရေထဲတွင် လမ်းလျှောက်ရခြင်းက ပို၍ စိတ်ကျေနပ်မှုကို ဖြစ်စေသည်ဟုပင် ပြောရမည်။ သို့သော်လည်း စိတ်ထဲတွင် နာကျင်မှုနှင့် ၀မ်းနည်းမှုက ပိုတိုးလာခြင်းသာ ။

       စုလဲ့သည် ကန်တော်ကြီး၀န်းထဲမှ ပြန်ထွက်လာသည့်တိုင် ခြေလှမ်းတို့က မတည်ငြိမ်သေး။ ယိမ်းယိုင်နေမိသည်။ ခြေထောက်တို့ကလည်း ခံနိုင်ရည်မရှိစွာ တစ်စက်စက် တုန်နေသည်။ မိုးရေထဲမှာ အချိန်ကြာမြင့်စွာ နေနေမိတာကြောင့် ချမ်းစပင် ပြုနေပြီ ဖြစ်သည်။ နှုတ်ခမ်းတို့ကလည်း ပြာနှမ်းကာ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေမိသည်။
သို့သော်လည်း စုလဲ့ အားတင်း၍ ဆက်လျှောက်နေမိပြန်သည်။

      စုလဲ့မျက်နှာမှာ မိုးရည်နဲ့ မျက်ရည်ကို ခွဲခြားစွာ မသိနိုင်တော့ ။ မျက်ရည်က မိုးထက် ပိုများမည်ကတော့ အမှန်ပါ။ စုလဲ့ မှတ်တိုင်မရောက်ခင်နား သစ်ပင်တစ်ခုအောက်တွင် ရပ်လိုက်ပြီး

~~~~စုလဲ့အတွက် နာကျင်မှုက ဒီလောက်နဲ့ပဲ ပြီးဆုံးရပါစေ ~~~~

      စုလဲ့ဘာကိုမှ မစဥ်းစားချင်တော့ ။ စုလဲ့အတွက် အလွန်နာကျင်နေပြီးပြီ ဒီလောက်နဲ့ပဲ အဆုံးသတ်ချင်သည်ဖြစ်၍ စုလဲ့ ကားလမ်းပေါ်သို့ တစ်လှမ်းချင်း လျှောက်သွားမိသည်။ တကယ်ကို တစ်လှမ်းချင်းပါ။ မိုးကလည်းပို၍ သည်းလာပါပြီ ။
စုလဲ့ အဝေးကို လှမ်းကြည့်လိုက်တော့ ကားမီးရောင်ကို ဖွဖွမြင်ရ၍

Without you, I would not exist. (complete)Where stories live. Discover now