Part ( 21)

5.2K 462 11
                                    

Unicode

နေမင်းယံ နဲ့ ဟန်မင်းထွဋ် တွေ့ခဲ့တာဟာ လမ်းလေးထဲမှာ နောက်ဆုံးအကြိမ်ပါပဲ။ အဲ့နောက်ရက်တွေတော့ မတွေ့ဖြစ်ကြပါဘူး။ နေမင်းယံနဲ့ စုလဲ့လည်း အဆင်မပြေမှုတွေ ပိုပိုများလာပါပြီ။

စုလဲ့ ဘာပြောပြော နေမင်းယံ သည်းမခံတော့ဘူး။ မကြိုက်ဘူး။ မလုပ်ချင်ဘူး။ စုလဲ့က အပြင်မှာ တွေ့ဖို့ချိန်းရင်တောင် နေမင်းယံ မတွေ့ချင်ဘူးလို့သာ ပေါ်တင်ပြောလိုက်ပါသည်။ သို့သော် တရား၀င်မပျက်သေးသည့်အတွက် ချစ်သူရည်းစားကတော့ ဖြစ်နေတုန်းပင်။

စုလဲ့သည် Sun က မိမိအပေါ်အရမ်းစိမ်းကားနေသည့်အတွက် အလွန်ခံစားရပါသည်။ အရင်ကတောင် ဝေးသည်ဟုထင်မိတဲ့ မိမိတို့ရဲ့ နှလုံးသားဟာ ခုတော့ ဝေးကွာသထက်ဝေးကွာနေသည်ဟုလည်း ခံစားမိပါသည်။

ကိုကြီးကိုလည်း စုလဲ့ နဲ့ Sun အဆင်မပြေတာကို အပူမကပ်ချင်တော့ပါ။ စုလဲ့တို့ ကိစ္စကို က်ိုကြီးကူညီခဲ့တာ များပြီဖြစ်၍ အားနာလှပါပြီ။ စုလဲ့ဘာသာပဲ ကြိတ်ကာ Sunရဲ့ စိမ်းကားမှုကို ခံစားနေမိပါသည်။ Sun ရဲ့ စိမ်းကားမှုကို ဘယ်လောက်ပဲ ခံစားရပါစေ Sun ကိုတော့ စုလဲ့ အချစ်မလျော့ပါ။ စုလဲ့ စိတ်ညစ်သည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် Sun ကို စုလဲ့ဘက်မှစ၍ လမ်းခွဲမည်မဟုတ်ပါ။ Sun ဘက်မှ စ၍ လမ်းခွဲလာရင်လည်း စုလဲ့ ဘယ်လိုဖြေရ မလဲ ဆိုတာ ခုထိမသိသေးပါ။

××××××××××

နေမင်းယံသည် လူကြီးဆရာကို လွမ်းရင်
ပုံလေးတွေသာ ကြည့်တတ်မြဲ။ လူကြီးဆရာကို မိမိဘယ်လောက်ချစ်ကြောင်း လူကြီးဆရာသိမည်လို့တော့ ထင်မိပါသည်။ လူကြီးဆရာလည်း မိမိကို ချစ်သည်ကို အပြည့်အ၀ယုံကြည်သည်။ သို့သော်လည်း ကံကြမ္မာက ပေါင်းစည်းခွင့်မပေးတာကို ရင်နာနေမိသည်။

~~~~~အချစ်မှန်လို့ ခက်ခဲရင်တောင် အခုခက်ခဲမှုက ခံစားရခက်လွန်းပါတယ် ကိုကိုရယ်~~~~

×××××××××××

ဟန်မင်းထွဋ်သည် လမ်းကြားလေးထဲမှ အရင်ထွက်ခွာသွားသော နောက်ကျောပုံရိပ်လေးကို ကြည့်ကာ ညဘက်တွင် အိပ်မက်အဖြစ်ပြန်မက်နေတတ်သည်။ ၀မ်းနည်းစရာအိပ်မက်အဖြစ်ပေါ့။ နိုးလာရင်လည်း ပျော်ရွှင်မှု ဆိုတာကို ရှာမတွေ့သလိုပင်။ မျက်ရည်များကလည်း ခမ်းခြောက်ကုန်လောက်အောင်ပင် အိပ်မက်ထဲမှာ ငိုနေမိသည်။

Without you, I would not exist. (complete)Where stories live. Discover now