Part (18)

5.4K 469 15
                                    

  Unicode

             နေမင်းယံ အိမ်ပြန်ရောက်တော့ ကုတင်ပေါ်သို့ ပစ်လှဲကာ နားမိသည်။ လူကြီးဆရာ၏ အကြည့်သည် မိမိရင်ကို နွေးစေသည်။ နေမင်းယံသည် ဖုန်းကိုထုတ်၍ လူကြီးဆရာ၏ ပုံလေးတွေကို ကြည့်မိပါသည်။ Snap ဆိုပေမယ့်လည်း လူကြီးဆရာက ကြည့်ကောင်းမြဲ။

                Ringtone••••

          နေမင်းယံ ဖုန်းလာ၍ ကြည့်မိတော့ စုလဲ့ဆီမှ။ ခုနကမှ တွေ့ထားတာကို ဖုန်းဆက်လာပြန်ပြီဖြစ်၍ နေမင်းယံ စိတ်ညစ်မိပြန်ပါသည်။ နေမင်းယံ ဖုန်းကိုင်လိုက်တော့

        "Sun ပြန်ရောက်ပြီလား"

         "အင်း "

          "စုလဲ့က စိတ်ပူလို့ ဆက်လိုက်တာ "

        စိတ်ပူရအောင် မိမိက ကလေးလဲမဟုတ်။ အရင်တုန်းကလည်း သွားနေကြပင်။ နေမင်းယံလည်းစိတ်ပေါက်ပေါက်နှင့်   အင်းတစ်လုံးတည်းသာ ဖြေနေမိသည်။

         "အင်း "

          "ဘာမှပြန်မပြောတော့ဘူးလား"

          "အင်း "

           "ဒါဆိုလည်း စုလဲ့ ဖုန်းချ.."

          နေမင်းယံ စိတ်ထဲတွင် လူကြီးဆရာကို ပြန်တွေးမိ၍

            "ခဏ စုလဲ့ ။ "

            "အင်း ပြောလေ Sun"

             "ဆရာရော ပြန်သွားပြီလား "

            စုလဲ့ မျက်နှာ ချက်ချင်းညိုးမိပါသည်။ Sun က" ချစ်တယ်" လို့ပြောလာမလားလို့ စောင့်နေမိသော်လည်း Sun ပါးစပ်က ထွက်လာတာ ကိုကြီးတဲ့လား။ မနက်က သူငယ်ချင်းတွေကို မုန့်ကျွေးမို့ ခေါ်တုန်းကလည်း အစက ငြင်းပြီး ကိုကြီးပါတယ်ပြောမှ လာမယ် ဖြစ်သွားတဲ့ Sun ကိုကြည့်ကာ စုလဲ့ စိတ်ထဲ တစ်မျိုးပင်။ ကော်ဖီဆိုင်မှာလည်း Sun က ကိုကြီးကို ကြည့်တဲ့ အကြည့်တွေ ကိုကြီးက Sun ကို ကြည့်တဲ့ အကြည့်တွေကို စုလဲ့ နည်းနည်းတော့ မကြိုက်ပါ။ ဆရာနှင့် တပည့်ဆိုတဲ့ စည်းကို ကျော်လွန်းတဲ့ အကြည့်တွေမှန်း စုလဲ့ ရိပ်မိပါသည်။ သို့သော် Sun ကို ချစ်တော့လည်း ထိုကိစ္စ များကို စိတ်ထဲ၌သာ ထားလိုက်ပါတော့မည်။

Without you, I would not exist. (complete)Where stories live. Discover now