Part (37) Final part

12.7K 440 41
                                    

Unicode...

     4th year 1st sem စာမေးပွဲက ဖြေဖို့နီးလာပြီဖြစ်သည်။ နေမင်းယံလည်း စာကျက်ရတာတစ်ဖက် ၊ မင်္ဂလာ၀တ်စုံလိုက်၀တ်ကြည့်ရတာတစ်ဖက်နှင့် အလုပ်ကိုရှုပ်လ်ို့ ။ သို့သော်လည်း ပင်ပန်းသည်ဟု မဆိုသာပဲ စိတ်လှုပ်ရှားနေမိသည်ကတော့ အမှန်ပါ။

    မင်္ဂလာပွဲတွင်လိုအပ်တာမှန်သမျှကို ဟန်မင်းထွဋ်အကုန်စီစဥ်ပြီး ဦးဇေယျာမောင်က နောက်ကလိုက်၍ ထောက်ပံ့သည်။

    ဒီနေ့က မင်္ဂလာဆောင် မနက်ပိုင်းအတွက် မြန်မာအင်္ကျီ ၊ ညနေ dinner အတွက် အနောက်တိုင်း၀တ်စုံတို့ကို အစမ်း ၀တ်ကြည့်ရန် ဒီဇိုင်နာအိမ်သို့ ။ ဒီဇိုင်နာက ဦးဇေယျာမောင်နှင့် အသိမိတ်ဆွေဖြစ်ပြီး စီးပွားရေးအရလည်း အလွန်ခင်မင်သည့်အတွက် ဆိုင်သို့မဖိတ်ဘဲ အိမ်သို့ ဖိတ်၍ သေသေချာချာ ပြုလုပ်ပေးခြင်းဖြစ်သည်။

    "ကြွပါရှင့် ဧည့်ခန်းထဲကို "

    "ဟုတ်ကဲ့ "

    ဦးဇေယျာမောင် ၊ ဟန်မင်းထွဋ် နဲ့ နေမင်းယံလည်း ဧည့်ခန်းထဲသို့လိုက်သွားပြီး ခုံတွင် နေရာယူကာ ထိုင်လိုက်သည်။ ထို့နောက် ဒီဇိုင်နာက ဖော်ရွေပြူငှာစွာ စကားပြောသည်။

    "ဇေယျာ တို့ ပြောတဲ့ အတိုင်း ကျွန်မ ရှာထားတယ် ။ မြန်မာအင်္ကျီကိုလည်း ပြောင်ပဲ ။ ကျောက်မျက်ထည့်ဖို့က ယူလာပြီလား။ အဲ့ဒီ့အတွက်လ်ိုတာ အကုန်ပြင်ဆင်ပြီးပြီ "

    "ဟုတ်ကဲ့ ကိုယ်တို့အကုန်ယူလာခဲ့တယ် ။ အခု၀တ်ကြည့်ရမှာက ကျောက်မပါသေးဘဲ ပြောင်ပဲလား ။ "

    "ဟုတ်တယ်လေ ။ အင်္ကျီကြီးလား ၊ ကြပ်လား  ကို ကြည့်ပြီး အနေတော်ဖြစ်တာကို ရွေး ၊ သေချာပြင်ဆင်ပြီးမှ ကျောက်ထည့်မယ်လေ "

   "ကျောက်ထည့်ပြီးရင်ရော နောက်တစ်ခေါက်လာ၀တ်ရမှာလား "

   "မလိုပါဘူးရှင် ။ ၀တ်ကြည့်စရာမလိုစေရဘူး ။ အကုန်ကွက်တိဖြစ်စေရမယ် "

   "အင်း အာ့ဆို အခု၀တ်ကြည့်တော့မယ်လေ "
 
   "အင်း သားတို့ လာ အခန်းထဲမှာ သွား၀တ်ကြည့်မယ် "

Without you, I would not exist. (complete)Where stories live. Discover now