Part (4)

8.7K 741 31
                                    

Unicode

"ဟိုလူကြီး"

နေမင်းယံသည် သူ့အရှေ့တွင်ထိုင်နေသော သူအားကြည့်၍ အလွန်အံ့သြမိနေသည်။ပျော်ရွှင်မှုသည်လည်း ဒွန်တွဲလျက်။

~~~~~ ဒါဆိုငါစာသင်ရမယ့် ဂိုက်ဆရာက ဒီလူကြီးပေါ့ ။ ~~~~~~

နေမင်းယံ၏အတွေးတို့သည် ယောက်ယက်ခတ်နေသောကြောင့် ဦးဇေယျာမောင်ခေါ်နေသည်ကိုပင်မကြားမိ။

"သား .... သား နေမင်းယံ"

"ဖျတ်"

ဦးဇေယျာမောင်ကလက်ထဲတွင် ကိုင်ထားသော စာရွက်ဖြင့် နေမင်းယံပေါင်ကိုလှမ်းရိုက်လိုက်တော့မှ နေမင်းယံတစ်ယောက် အတွေးကမ္ဘာထဲမှ ပြန်၍ နိုးထလာခဲ့သည်။

"ဗျာ dad"

ဦးဇေယျာမောင်က ဧည့်သည်တို့ကိုတစ်ချက်ပြုံးပြလိုက်ပြီး နေမင်းယံကိုစကားလှည့်ပြောသည်။

"သား ဒီဘက်က အန်တီက ဒေါ်သူဇာတဲ့ ။ ဒီဘက်ကကောင်လေးက ဒေါ်သူဇာရဲ့သား ဟန်မင်းထွဋ်တဲ့ ။ မင်းကိုစာသင်ပေးမှာ ဟန်မင်းထွဋ်လေ။ "

နေမင်းယံက ဟန်မင်းထွဋ်ဆိုသော ထိုလူကြီးကိုမသိဟန်ဖြင့်

"အော် ဟုတ်ကဲ့"
ဟုသာပြန်ပြောလိုက်ပါသည်။စိတ်ထဲတွင်တော့ပျော်ရွှင်မှုဖြင့်။

×××××××× ×××××××× ××××××××

ဟန်မင်းထွဋ်သည် မိမိစာသင်ပေးရမည့်အိမ်သို့ မေမေနှင့်လိုက်လာရင်း ပတ်၀န်းကျင်ကို ကြည့်မိတော့ လူကုန်ထံ အသိုင်းအဝိုင်း ဖြစ်မည်ကို သိလိုက်ရပါသည်။

ထိုအိမ်သို့ရောက်ပြီ။ ခြံဝန်းအကျယ်ကြီးဖြစ်ရုံမျှမက အိမ်ကလည်း ၃ထပ်တိုက် ဖြစ်သည်။
ခြံထဲ၀င်၍ အိမ်ရှေ့ တံခါးဝထိ သွားရာတွင်လည်း ဘေးတစ်ဖက်တစ်ချက်စီ၌ ပန်းအိုးများစီတန်းထားပြီး ဥယျာဥ်သဖွယ် ပြုလုပ်ထားပါသည်။

ဟန်မင်းထွဋ်နှင့် မေမေသည် အိမ်ထဲသို့၀င်လာတော့ မေမေ့၏ မိတ်ဆွေဖြစ်သူက ကြိုဆိုပြီး ဧည့်ခန်းတွင်ထိုင်စေသည်။

Without you, I would not exist. (complete)Where stories live. Discover now