Part (2)

12.5K 996 72
                                    

Unicode

နေ့လည် ၂နာရီ ××××××

ပြည်သူ့ရင်ပြင် ×××××

နေမင်းယံတို့အဖွဲ့သည် ၂နာရီမထိုးခင်ကပင်ချိန်းထားသည့်နေရာသို့စောစီးစွာ ရောက်လာခဲ့သည် ဖြစ်၍ မရောက်လာသေးသောသူများကို စောင့်နေကြသည်။

ထိုအချိန်တွင်လင်းစက်က

" ဟိုကောင်တွေသွေးနည်းနေတာလားမသိဘူး ခုထိမလာသေးဘူး"
လင်းစက်က ခနဲ့သောအသံဖြင့်ပြောသည်။

ဒီနေ့ချိန်းပွဲဖြစ်ရသည့်အကြောင်းသည် နေမင်းယံတို့အဖွဲ့ထဲမှ ရှိုင်းမင်းခန့်နှင့်နွေလင်းဦးတို့ကို လိင်တူချစ်သူများဟု ခနဲ့ကာ fbတွင် အရှက်ရအောင်လုပ်ခဲ့သော ကြောင့်ဖြစ်သည်။ လုပ်ခဲ့သူများကလည်းတစ်ခြားသူမဟုတ် ၄တန်းအရွယ်ထဲကရန်ဖက်ဖြစ်ခဲ့သော မိုးဟိန်းသာတို့ပင့်ဖြစ်သောကြောင့် ပွဲကြီးပွဲကောင်းဖြစ်မည့်နေ့ဖြစ်သည်။

နေမင်းယံသည် လိင်တူကြိုက်သည်ကိုအပြစ်မပြောပါ။ ကိုယ်ချစ်သည့်သူက ကိုယ့်ချစ်သူဟုသာ စိတ်တွင်မှတ်ယူသည်။
ယောကျာ်းမိန်းမဟူသည် physicalပိုင်းသာဖြစ်သည်။ ထို့ကြောင့် ရှိုင်းမင်းခန့်နှင့်နွေလင်းဦးတို့ကို သဘောတူကာ ကိုယ်တိုင်ပင်အောင်သွယ်ပေးခဲ့သည်။

ယခုကိစ္စမှာက ကိုယ့်အဖွဲ့ထဲမှ အချစ်ဆုံးသူငယ်ချင်းနှစ်ဦးကို ပုတ်ခတ်ကာ ထိပါးလာခြင်းကြောင့် နေမင်းယံတစ်ယောက် အငြိမ်မနေနိုင်တော့။

နေမင်းယံအတွေးများနေစဥ် ချိန်းထားသည့်နေရာသို့ လူလေးယောက်၀င်လာသည်။ နေမင်းယံသည် သေချာကြည့်လိုက်တော့ မိုးဟိန်းသာတို့အဖွဲ့ဖြစ်သည်။ နေမင်းယံသည်လက်ကနာရီကိုကြည့်တော့ ၂နာရီ ၃မိနစ်တောင်ဖြစ်နေပြီ။

နေမင်းယံကထိုလူအနားသို့သွား၍ နားနားကပ်ပြီး တစ်ချက်ရယ်ကာ

"မင်းတို့ကအချိန်ကိုအလေးမထားတာလား ၊ သွေးနည်းပြီးနောက်ကျနေတာလား၊ "

နေမင်းယံ၏အသံသည် လူ ၁၀ယောက်လုံးကြားရန်လုံလောက်ပါသည်။ နေမင်းယံတို့အဖွဲ့မှလူများကလည်း သူ့စကားကြောင့် ခပ်ပြုံးပြုံးဖြစ်နေကြသည်။ မိုးဟိန်းသာ ကမျက်နှာတစ်ချက်မပျက်ဘဲ

Without you, I would not exist. (complete)Where stories live. Discover now