Part (22)

5.2K 442 8
                                    

Unicode

   သင်္ကြန်အကြတ်နေ့~~~~

         နေမင်းယံသည် သူငယ်ချင်းများက မဏ္ဍာပ်ထိုင်မည်ဟု ပြောထားသဖြင့် စောစောထကာ သူငယ်ချင်းများလာအခေါ်ကို စောင့်နေလ်ိုက်သည်။ တစ်ခါမှ မဏ္ဍာပ်မထိုင်ဖူးသည့် အတွက်လည်း အတွေ့အကြုံအသစ်ဖြစ်၍ စိတ်လှုပ်ရှားမိသည်က မှန်ပါသည်။ လူကြီးဆရာနှင့်လည်း မတွေ့နိုင်အောင် မဏ္ဍာပ်ထိုင်ဖို့ ရွေးချယ်မိခြင်းပါ။

     မနေ့က လူကြီးဆရာနှင့် တွေ့ခဲ့တဲ့အကြောင်းကို ပြန်တွေးမိတော့ ရင်ဖိုရပြန်ပါသည်။ကြည်နူးရပြန်ပါသည်။ လူကြီးဆရာကိုအတွေးလွန်ပြီး မနေ့ညကလည်းတော်တော်နှင့်အိပ်မပျော်ခဲ့ပါ။

  တီ...တီ...

     အိမ်ရှေ့မှ ကားဟွန်းသံကြားလိုက်ရ၍ သူငယ်ချင်းတွေလာပြီဆိုတာ သိလိုက်ရသည်။ နေမင်းယံလည်း လူကြီးဆရာ အကြောင်းတွေးနေသည်ကို ရပ်လိုက်ပြီး အိမ်ရှေ့ကို ထွက်လာလိုက်သည်။

      နေမင်းယံကားနားရောက်တော့ ကျော်စွာက

      "Sun မင်းအရမ်း လန်းနေတာပဲ ၀ိုးးး... "

       " ဟုတ်တယ်ဟေ့ Sun တို့တော့ ကောင်မလေးတွေကြားမှာ ရေပန်းစားနေတော့မှာပဲ"

       သူရိန်ကလည်း ကျော်စွာ့စကားကို ထောက်ခံကာ လိုက်ပြောနေပြန်ပါသည်။

       နေမင်းယံ ဒီနေ့၀တ်ထားတာက အောက်မှ အဖြူပြောင်ခံပြီး အပေါ်မှ တံတောင်အထိလက်ရှည်သော အမဲရောင် အင်္ကျီ ၊ အ၀ါရောင် အစင်းသေးသေးများဟိုတစ်ကွက်ဒီတစ်ကွက် ဖောက်ထားသည်ကို ကြယ်သီးအပြည့်တပ်ထားသည်။ ဘောင်းဘီကိုတော့ နက်ပြာရောင် ဒူးထိရှည်သည်ကို ၀တ်ထားပြီး ဖိနပ်ကတော့ အပြာရောင် ၊ ခြေစွပ်ကို ခြေသလုံးထိ အရှည်၀တ်ထားသည်။ လက်တွင်လည်း နာရီ အမဲရောင်ကို ၀တ်ထားပြီး ဆံပင်က မီးခိုးရောင်လေးနဲ့ နေမင်းယံသည် ရိုးရိုးရှင်းရှင်းနှင့် အလွန်ကြည့်ကောင်းနေသည်။

      ရှိုင်းတို့ငါးယောက်လုံးလည်း နေမင်းယံ အလွန် ကြည့်ကောင်းနေသည်ကို ထောက်ခံကြသည်။ နေမင်းယံကတော့ သူ့ကို ကြည့်ကောင်းသည်ဟု ပြောနေသော သူငယ်ချင်းများကို ကြည့်ကာ ရယ်ရပါသေးသည်။ ထို့နောက် မဏ္ဍာပ်ဆီသို့ ထွက်ခွာလာခဲ့သည်။

Without you, I would not exist. (complete)Where stories live. Discover now