Part (3)

9.6K 783 29
                                    

Unicode

နေမင်းယံသည် ဒီနေ့လည်းစောစောနိုးလာပြန်သည်။ အကြောင်းကတော့ မနေ့ကတွေ့ခဲ့သော ထိုလူကြီးကို ထပ်၍တွေ့ချင်သောကြောင့်ဖြစ်သည်။

နေမင်းယံသည်အိပ်ရာပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့၀င်သွားသည်။ ရေချိုးရာတွင်လည်း အကြာကြီးချိုးနေမိသည် ။ မနေ့ကညစ်ပတ်ပြီး ရေမချိုးပဲအိပ်ပျော်သွားသည်လည်းပါသည်။ ထို့ကြောင့် သေချာသန့်စင်အောင်ချိုးနေခြင်းဖြစ်သည်။

ရေချိုးပြီးပြန်ထွက်လာတော့ မျက်နှာကို Day cream နည်းနည်းလိမ်းပြီး ရှုပ်ပွနေသောဆံပင်ကို ဖြီးကာပုံမှန်အတိုင်းပင် ရှေ့သို့ချထားသည်။ ဒီနေ့တော့ အင်္ကျီအ၀ါရောင် လက်တို အပေါ်ကအဖြူရောင်လက်ရှည်ကို၀တ်ကာ လက်ကိုတံတောင်အထိခေါက်တင်ထားသည်။ ဘောင်းဘီကတော့ အဖြူရောင် ဒူးနားထိပဲရှည်သည်ကို၀တ်ထားသည်။

ဒီနေ့ နေမင်းယံတစ်ယောက်စိတ်တို့ကြည်လင်ပေါ့ပါးနေသည်။ မနက်ဖြန် ကျူရှင်သင်ရတော့မည်ကို မေ့လျော့စွာဖြင့်။

နေမင်းယံ အောက်ထပ်သို့ဆင်းလာပြီး မီးဖိုချောင်သို့ တိုးတိုးတိတ်တိတ် ၀င်လာသည်။ ပြီးတော့ ဒေါ်မွှေး မသိအောင်အနားသို့သွားကာ ဒေါ်မွှေးခါးကိုလှမ်းတို့သည်နှင့်

" အမလေး ကိုနေတိုးနဲ့ငါနဲ့ညား ၊ ဟဲ့ ကုလား ၊ "

ဒေါ်မွှေးပါးစပ်မှထွက်လာသောယောင်နည်းပေါင်းစုံတို့သည်နေမင်းယံကိုအူမြူးစေသည်။

ဒေါ်မွှေးက နေမင်းယံလက်ကိုဆွဲဖြုတ်ကာနေမင်းယံဘက်သို့လှည့်လာပြီး

"သားရယ် ဒေါ်မွှေးကိုအဲ့လို မနောက်ပါနဲ့ဆို ဒေါ်မွှေးယားတယ်သားရဲ့"

နေမင်းယံနှုတ်ခမ်းတစ်တောင်လောက်ဆူထွက်လာပြီး

"သားမလုပ်ရဘူးဆိုဘယ်သူလုပ်ရမှာလဲ
သားကဒေါ်မွှေးကိုချစ်လို့စတာကို တော်ပြီ ဒေါ်မွှေးကိုမချစ်တော့ဘူး စလည်းမစတော့ဘူး"

နေမင်းယံတစ်ယောက်ဒေါ်မွှေးကိုစိတ်ဆိုးသွားသည်ပေါ့။ဒေါ်မွှေးသည်အပျိုကြီးဖြစ်သည်။ နေမင်းယံ ငယ်ငယ်ထဲကပင် အိမ်မှာနေလာတာအခုအချိန်ထိဖြစ်သည်။ နေမင်းယံကလည်းဒေါ်မွှေးကိုအမေတစ်ယောက်လိုချစ်သည်။ နေမင်းယံက ဦးဇေယျာမောင်နှင့်ဒေါ်ခင်နု အပေါ်သာ မကောင်းရင်မကောင်းတာပါ။ ဒေါ်မွှေးနှင့်ဆိုလျှင်တော့ ကလေးတစ်ယောက်လိုပင်။

Without you, I would not exist. (complete)Where stories live. Discover now