Part (8)

6.3K 586 23
                                    

Unicode

နေမင်းယံသည် သူငယ်ချင်းများကောင်းမှုဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ၄နာရီခွဲနေပြီဖြစ်သည်။ ရေချိုးမို့ပြင်ပေမယ့် ညာလက်က မလှုပ်ချင် ။ တစ်ချက်တစ်ချက် တစ်စစ်စစ် နာလာသောကြောင့် နေမင်းယံ မျက်ရည်ပင်၀ဲမိသည်။ သို့သော်လည်း ယောကျာ်းမာနဖြင့်အနာကိုကြိတ်ခံနေရသည်။

နေမင်းယံအင်္ကျီချွတ်ပြီး ရေချ်ိုးခန်းထဲ၀င်သွားလိုက်သည် ။ ရေချိုးခန်းထဲရှိမှန်ထဲတွင် မိမိမျက်နှာကို ပြန်ကြည့်လိုက်တော့ အညိုနှစ်ကွက် ။ တစ်ကွက်ကပါးစပ်ဘေးမှာ နောက်တစ်ကွက်က ပါးရိုးပေါ်မှာ။ နေမင်းယံသည် ထိုအညိုနှစ်ကွက်ကိုကြည့်ရင်း မိုးဟိန်းသာကိုသတ်ချင်စိတ် တဖွားဖွားပေါ်ပေါက်လာသည်။ သို့သော် " ငါလည်းသူ့ကို ငါ့လောက်နီးပါးပြန်ခံစားရအောင် လုပ်ခဲ့တာပဲ " ဟူ၍ သာ ဖြေနေလိုက်သည်။

နေမင်းယံသည် ကျောပြင်ဆီမှဒဏ်ရာကို သတိရကာ အနောက်သို့လှည့်၍ မှန်ဘက်ကိုကျောပေးကာ သမင်လည်ပြန် ခေါင်းလှည့်ပြီး ကြည့်ကြည့်သည်။ သိပ်မမြင်ရပေမယ့် ကျောပြင်မှာ အစင်းလိုက်ကြီး ညိုနေတာကိုတော့ တွေ့ရသည်။

မိမိခန္ဓာကိုယ်ကဒဏ်ရာတွေကိုကြည့်နေရင်းပင် အားအင်တို့ ကုန်ခန်းလာသည်။ လူဆယ်ယောက်နှင့် တိုက်ခိုက်ရတာရော လက်ထိတာရော ကျောပြင်ထိထားတာပါ ပေါင်းလိုက်လျှင် နေမင်းယံသည် ဆေးခန်းပြကာ အနားယူသင့်သည်။

သို့သော် လူကြီးဆရာက၅နာရီလာမည်ဖြစ်၍ ဆေးခန်းလည်း မသွားနိုင်ပဲပြန်လာတာဖြစ်သည်။ နေမင်းယံသည် ရေအေးဖြင့် လန်းဆန်းသွားအောင်ချိုးချင်ပေမယ့် အနာတို့ကကိုက်ခဲနေသဖြင့် သက်သာစေရန် ရေနွေးဖြင့် မြန်မြန်ချိုးကာ ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ရေစိုနေသောခေါင်းကို သဘက်ဖြင့် သုတ်ရင်း....ခန္ဓာကိုယ်တွင်တော့ ကျောပြင်ရှိအနာတို့ကို ပွတ်တိုက်မိမည်ဆိုး၍ သဘက်မအုပ်ဘဲ။

အခန်းရှေ့ရောက်တော့ လက်ထဲတွင်ကိုင်ထားသောသဘက်က အောက်သို့လွှတ်ချကာ

"အားးးးးးးး "

××××××××× ×××××××××× ××××××

Without you, I would not exist. (complete)Where stories live. Discover now