Part (15)

5.4K 463 4
                                    

Unicode

နေမင်းယံ တက္ကသိုလ်၀င်တန်းဖြေဖို့ တစ်ဖြည်းဖြည်းနဲ့ နီးလာခဲ့ပြီဖြစ်သည်။ စာတွေလည်းတော်တော်ပိုင်နေပြီဖြစ်သည်။ အကုန်လုံးသင်လို့ပြီးပြီ ဖြစ်၍ ပြန်ပြီးလေ့ကျင့်သည့် အချိန်လည်းဖြစ်သည်။ အမှတ်ရမှာများတဲ့ အခန်းတွေကို ပိုပြီးဖိလုပ်ရပါသည်။

လူကြီးဆရာကလည်း သေသေချာချာ ရှင်းပြ ပြောပြပြီး ကျက်စာတွေဆိုလည်း အစအဆုံး တစ်နေ့တစ်ခန်းပြန်ဆို ခိုင်းသည်။
ပုဒ်စာတွေလည်း အရေးကြီးရင် ကြီးသလို ပြန်တွက်ခိုင်းသည်။ ဥာဏ်စမ်းပုဒ်စာများကိုလည်း တွက်ခိုင်းသည်။

နေမင်းယံ ခုနောက်ပိုင်းတော့ စာနှင့်သာ အချိန်ကုန်နေမိသည်။ လူကြီးဆရာကို လွမ်းလဲ စာလာသင်သည့်အချိန်မှာ အပြည့်အ၀ကြည့်လိုက်သည်။ ကျန်တဲ့အချိန်တော့ မလွမ်းအောင် စာပဲလုပ်နေမိသည်။

အစိုးရကျောင်းများတွင်လည်း သီတင်းကျွတ်နောက်ပိုင်း ကျောင်းလာတတ်တဲ့သူမရှိတော့ ။ အိမ်မှာစာလုပ်ကြသည်သာများသည်။ တစ်ပတ်ကို တစ်ရက် နှစ်ရက်လောက်တော့ လာကြရသည်။

နေမင်းယံတို့အဖွဲ့သည် Valentine's day ကိုတော့ တက်ဖို့စိတ်ကူးထားသည်။ လူတော်တော်များများကလည်း အဲ့နေ့တွင် ကျောင်းတက်ကြတာများသည်။ သူငယ်ချင်းအချင်းချင်းစနောက်ပြီး ပျော်ဖို့ကောင်းသောနေ့လည်းဖြစ်သည့် အတွက် relaxဖြစ်အောင်လည်းပါသည်။

×××××××××× ×××××××× ×××××××

Valentine's day


နေမင်းယံတို့သူငယ်ချင်းတွေ ကျောင်းကိုရောက်တော့ ကျောင်းမတက်သေးတာကြောင့် ကန်တင်းဘက်သို့လာခဲ့သည်။ ပုံမှန်နှစ်တွေဆိုလျှင် နေမင်းယံ ကို ချောကလက်တွေ လက်ဆောင်ပေးကြတာ စားလို့တောင်မကုန်။ သူငယ်ချင်းတွေကိုတောင် ပြန်ပေးရသည်။ နေမင်းယံက ယောကျာ်းလေးဖြစ်ပေမယ့် ချောကလက်တော့ ကြိုက်ပါသည်။ နေမင်းယံ၏ Favourite foodထဲမှာ ချောကလက်လည်း ပါသည်။

နေမင်းယံတို့ ကန်တင်းရောက်၍ အအေးသောက်ပြီး ထိုင်နေချိန်၌ မိန်းကလေးတစ်အုပ် နေမင်းယံတို့ဆီ လမ်းလျှောက်လာသည်။ သူရိန်က နေမင်းယံဘက်ကို လှည့်ကြည့်ကာ

Without you, I would not exist. (complete)Where stories live. Discover now