Part (27)

5.2K 361 7
                                    

Unicode

      ဒီနေ့လည်း နေမင်းယံ အစောကြီးနိုးနေမိသည်။ ညက စောစောအိပ်တာလည်း ပါသလို ကျောင်းသွားရမည် ဆိုသည့်စိတ်ကြောင့်လည်း ပါမည်ထင်သည်။ နေမင်းယံ နိုးနေပေမယ့် မထသေးဘဲ ဟန်မင်းထွဋ်ရဲ့ မျက်နှာကို လိုက်ကိုင်ကြည့်နေပြန်သည်။ မိမိနမ်းနေကြဖြစ်သည့် လူကြီးဆရာ၏ လည်ပင်းလေးနဲ့ လည်စိ လေးကိုလည်း နမ်းလိုက်သည်။

     ဟန်မင်းထွဋ်သည် မိမိမျက်နှာကို ကိုင်နေတာသိသော်လည်း နေမင်းယံ စိတ်ချမ်းသာအောင်သာ ငြိမ်နေပေးလိုက်သည်။ ထို့နောက် မျက်လုံးကို မဖွင့်သေးဘဲ နေမင်းယံ ခေါင်းအောက်မှာ ထားထားတဲ့ လက်ကို အရှေ့သို့ဆွဲလိုက်တော့ နေမင်းယံက လန့်ကာ မိိမိကို မော့ကြည့်လာသည်။ အဲ့တော့မှ ဟန်မင်းထွဋ်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ နေမင်းယံက ပြုံးပြကာ မိမိပါးလေးကို တစ်ချက် နမ်းလာသည်။

      " အား ..ယံယံ ရာ ။ ချစ်ဖို့ကောင်းနေတာ ကြည့်ပါအုန်း "

       ဟန်မင်းထွဋ် အသည်းယားလာကာ နေမင်းယံကို ပို၍ တင်းကြပ်ကြပ်ဖက်လိုက်ပြီး နေမင်းယံ တစ်မျက်နှာလုံးကို လိုက်နမ်းလိုက်သည်။

      " မွ ... မွ "

      " ကိုကို တော်ပါတော့ ခ်ခ်...ခ်ခ် "

      " မတော်ဘူး နမ်းလို့မ၀သေးဘူး မွမွ "

      "ခ်ခ် တော်ပါတော့ဆို ... ကျွန်တော်ယားလို့ "

      နေမင်းယံက ယားတယ်ဟုပြောလာသဖြင့် ဟန်မင်းထွဋ်လည်းနမ်းတာရပ်လိုက်သည်။ သ်ို့သော် နောက်ဆုံးချက် အနေဖြင့် နေမင်းယံရဲ့ ပါးနုနုလေးကို "ပြွတ် " ခနဲ မြည်အောင် နမ်းလိုက်တော့  နေမင်းယံ က "ခ်ခ်..ခ်ခ်" နဲ့ ရယ်ပြန်ပါသည်။

     နေမင်းယံက အရင်လို ဂျစ်ကန်ကန်လေး မဟုတ်တော့ဘဲ ချစ်ဖို့ကောင်းပြီး လိမ္မာလာတာလေးကို ဟန်မင်းထွဋ် သတိထားမိ၍ ပြုံးရပါသေးသည်။

      " ကဲထ .. ယံယံခေါက်ဆွဲပြုတ်"

      "အောင်မယ် .. လူကိုများယံယံ ခေါက်ဆွဲပြုတ်တဲ့ ။ " ဟုနေမင်းယံက ပြောလိုက်ပြီး ဟန်မင်းထွဋ်ကို မျက်စောင်းထိုးလိုက်တော့

Without you, I would not exist. (complete)Where stories live. Discover now