Part (19)

5.4K 455 12
                                    

Unicode

             နေမင်းယံသည် မနက်စောစော အချိန်လောက်မှာပင် နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းတစ်ခန်းလုံးက မှောင်နေသည်။ အလင်းရောင်ဖျဖျက အခန်းပြတင်းမှ တိုး၀င်နေလျှက်။ 

           နေမင်းယံပြုံးမိသည် ။ နေမင်းယံအိပ်မက်ထဲမှာ လူကြီးဆရာနှင့် မိမိက ချစ်သူတွေဖြစ်သွားပြီး အနမ်းချင်းဖလှယ်နေကြသည်တဲ့။ နေမင်းယံ မျက်ရည်များပင် ကျသည်အထိ ပျော်မိသည်။ တကယ့်အပြင်မှာလည်း လူကြီးဆရာနဲ့ ပျော်ရွှင်ချင်ပါသည်။

          နေမင်းယံသည် ထဖို့ပြင်တော့ ကျောဘက်ဆီမှ တင်းကြပ်မှုကို ခံစားရသည်။ မိမိကို ဖက်ထားတဲ့ ပုံစံမျိုးဖြင့်။ နေမင်းယံ မိမိခန္ဓာက်ိုယ်ကိုကြည့်လိုက်တော့ လူကြီးဆရာ လက်တစ်ဖက်က မိမိခေါင်းအောက် ရောက်နေပြီး နောက်တစ်ဖက်က ခါးက်ို တင်းကြပ်စွာဖက်ထားသည်။

       မိမိ၏ ဆံပင်လေးများလည်း လေနွေးနွေးတစ်ခုကြောင့် လှုပ်နေသည်ကို သတိထားမိပါသည်။ လူကြီးဆရာမိမိကို ဖက်ထားသည်မှာ အလွန်နွေးထွေးလှသည်။ လူကြီးဆရာ၏ မိမိခေါင်းအောက်တွင် ထားသောလက်သည် ကျင်နေမည်ကို စိုးရိမ်သော်လည်း  မိမိလှုပ်လိုက်လျှင် လူကြီးဆရာနိုးသွားမည် စိုး၍ ငြိမ်နေမိသည်။

            သို့သော် လူကြီးဆရာ၏ အိပ်နေတဲ့ပုံစံလေးကို မြင်ဖူးချင်ပါသည်။ ထို့ကြောင့် နေမင်းယံသည် လူကြီးဆရာနှင့် မျက်နှာချင်းဆိုင်ဖြစ်ရန် ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ လူကြီးဆရာကမနိုးပါ။

        နေမင်းယံ လူကြီးဆရာနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားပေမယ့် နေမင်းယံမျက်နှာက လူကြီးဆရာရင်ခွင်ထဲတွင် ဖြစ်နေ၍ လူကြီးဆရာမျက်နှာကိုသေချာမမြင်ရသော်လည်း မေးရိုးကောင်းကောင်းနှင့် နှာတံမြင့်မြင့်ကို ထင်ထင်ရှားရှားမြင်ရပါသည်။ ထို့သိုမြင်ရရုံနဲ့ပင် လူကြီးဆရာသည် အလွန်ကြည့်ကောင်းနေသည်။

          နေမင်းယံလည်း လူကြီးဆရာကို ပြန်ဖက်ပြီး လူကြီးဆရာရဲ့ မျက်နှာကိုကြည့်နေလိုက်သည်။ မိမိသည် လူကြီးဆရာရဲ့ နှုတ်ခမ်းလေးကိုတော့ သတိရတာအမှန်ပင်။ သို့သော်လူကြီးဆရာသိလျှင် စိတ်ဆိုးမည်ဆိုး၍ မနမ်းတော့ပါ။ သို့သော် လူကြီးဆရာရဲ့ လည်တိုင်လေးကိုတော့ နှုတ်ခမ်းလေးနှင့်ထိကပ်ကာ အနမ်းပေးမိပါသည်.. ဖွဖွလေးသာ....။

Without you, I would not exist. (complete)Where stories live. Discover now