Chpter - 13.2.2

4.2K 544 19
                                    

သူ့ရဲ့သိမ်းငှက်လို စူးရှတဲ့မျက်လုံးတွေက ဟိုတယ်ထဲမှာရှိတဲ့ လူအုပ်အတွင်းဆီသို့ ဝေ့ဝဲသွားတယ်...ပြီးတော့ ဧည့်ကောင်တာရဲ့စားပွဲရှေ့မှာ စာရင်းသွင်းနေတဲ့ တစ်စုံတစ်ယောက်ရဲ့နောက်ကျောဆီသို့ နောက်ဆုံးမှာ ရပ်တန့်သွားသည်။

ဧည့်သည်ဟာ အရပ်မြင့်လွန်းပြီး သူ့ကို ကြည့်ရတာ အနည်းဆုံး 190cm ရှိတယ်...ကျယ်ပြန့်တဲ့ပုခုံး, ကျဉ်းမြောင်းတဲ့ခါးနဲ့ရှည်လျားတဲ့ခြေထောက်တွေက သူ့ခန္ဓာကိုယ်တည်ဆောက်မှုကို ရွှေအချိုး ရှိစေတယ်။ သူက ဈေးကြီးပေးရတဲ့ ဒီဇိုင်နာရဲ့အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်...အဲ့ဒါက ပေါက်ကွဲထွက်လာနိုင်တဲ့ သူ့ခန္ဓာကိုယ် ကြွက်သားတွေရဲ့ ဖွဲ့စည်းမှုကို ပြည့်စုံစေတယ်.. ဒါကြောင့် သူ့နောက်ကျောကိုပဲ မြင်ရတာတောင် အမျိုးသမီးအများစုရဲ့ အာရုံစိုက်မှုကို ဖမ်းစားထားနိုင်သည်။

ကျိုးယွင်ရှန့်က အဲ့ဒီအမျိုးသားဆီ ခြေလှမ်းကျဲကျဲလျှောက်သွားတယ်...သူ့ကို တားဆီးဖို့ ပေါ်ထွက်လာတဲ့ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ သက်တော်စောင့်တွေကို လှည့်ပြီးတော့ သေသေသပ်သပ်နဲ့ ရှောင်တိမ်းလိုက်သည်။ သူ ထိုအမျိုးသားရဲ့ကော်လံကို ဆွဲကိုင်လိုက်ပြီး သူ့ဘက် ဆွဲလှည့်လိုက်တယ်...ထို့နောက် ဒီအမျိုးသားရဲ့သာမန်ထက် ခံ့ညားလွန်းတဲ့မျက်နှာကို လက်သီးတစ်ချက် ပစ်သွင်းဖို့ ရည်ရွယ်လိုက်သည်။

"ကျုံယိ, မင်းဘိုးအေပဲ! ငါ့သဘောကို မမေးဘဲနဲ့ မင်း ငါ့ကို ကန်ထုတ်လိုက်တယ်ပေါ့လေ? ငါတို့ရဲ့ကတိသစ္စာကို မေ့သွားပြီလား? မင်းသောက်ဖင်ကို စောင့်ကန်ပစ်မယ်!" သူတို့ရဲ့ပြန်လည်စုံစည်းခြင်းကြောင့် သူ့အနီရောင်မျက်လုံးတွေမှာ ဝမ်းနည်းခြင်း, ဒေါသနဲ့ ဝမ်းသာခြင်းတွေ ရှိနေတယ်။ သူ ထိုလူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ချင်တယ်...ပြီးတော့ အရူးအမူးပဲ နမ်းချင်နေတာ. . .

သူ အဲ့အမျိုးသားကို ကောင်းကောင်းကြီး နှိပ်စက်ညင်းဆဲ အုံးမှာ!

ဒီအမျိုးသား လုံးဝကို ကြက်သေ သေသွားတယ်...သူ့လက်သီးကို တန်ပြန်တိုက်ခိုက်ဖို့ မြင့်လိုက်တယ်, ထိုလူရွယ်ရဲ့ မျက်နှာလှလှလေးကို ထိုးဖို့လေ.. ဒါပေမယ့် နောက်1စက္ကန့်မှာတော့ သူဟာ ထူးထူးခြားခြားပဲ တန့်သွားတယ်...ဘာမှန်းမသိတဲ့ အကြောင်းကြောင့် သူ့လက်ကို အောက်ချလိုက်သည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now