Chapter - 13.6.2

4.1K 486 18
                                    

"ဒီနေရာမှာ အသေးစိတ်ကျတဲ့ အကြောင်းအရာတွေ ပြောဖို့ရာ အဆင်မပြေတာမို့...ထွက်ရှိလာမယ့် ဂိမ်းနှစ်ခုဟာ <Magic World Mystery> ထက်သာလွန်ပါလိမ့်မယ်လို့ပဲ ကျနော်ပြောကြားပါရစေ၊ စောင့်မျှော်ကြည့်ရှုပေးကြပါလို့. ကျနော့်အမြင်မှာတော့ ... <Magic World> ဆိုတာ အပြစ်အနာဆာရှိတဲ့ ထုတ်ကုန်တစ်ခုသာသာပါ. အဲ့ဂိမ်းဟာဆိုရင် ချို့ယွင်းချက်တွေ အများကြီးရှိလို့နေပါတယ်...ဒါမို့ စံနှုန်းပြည့်စာရင်းဝင်ဖို့ရာ အလွယ်လေးနဲ့ ကျရှုံးနိုင်ချေ ရှိပါတယ်. ရေရှည်ကိုမကြည့်ပဲ...ဖြတ်လမ်းလိုက်၍ အကျိုးမြတ်ရှာလိုသူတချို့ကြောင့် ကျနော်တကယ်ပဲ စိတ်ခုမိရပါတယ်"

သူ့အား အပြိုင်အဆိုင်အလုအယက် ဝိုင်းရံပြီး မေးခွန်းတွေမေးလာကြသော သတင်းထောက်တွေကို ရီကျန့်ရဲ့သက်တော်စောင့်များကနေပြီး သူတို့နဲ့ သက်သက်စီခွဲထုတ်ပေးကြသည်။ ရီကျန့်ဟာ သူ့ချစ်သူလေးရဲ့မျက်နှာအား သူ့ရင်ခွင်အတွင်း ဆွဲသွင်းလျက်ပင်၊ သူလေးပုခုံးတို့အား အသာအယာပုတ်ရင်း ထိုပတ်ပတ်လည် ဝန်းရံထားခြင်းကြားမှ ခက်ခက်ခဲခဲ ခေါ်ထုတ်သွားလေတော့သည်။ ကင်မရာမီးရောင် တဖျက်ဖျက်တွေက ကျိန်းစပ်လွန်းမှာ စိုးရိမ်မိတာကြောင့် သူ့ရဲ့ကျန်ရှိသော လက်တဖက်ဖြင့် သူ့ချစ်သူလေးရဲ့ မျက်လုံးတို့အား ကွယ်ထားလေပေတည်း။

စကားတစ်လုံးမျှ ဆိုစရာမလိုပါပဲ သူတို့နှစ်ယောက်ရဲ့ ကိုယ်လက်အမူအရာတို့ကို ကြည့်ခြင်းအားဖြင့် ဒီလူသားနှစ်ယောက်၏ ရင်းနှီးလွန်းသော ပတ်သက်မှုအနေအထားအား သိမြင်နိုင်ပါသည်။

ရီလုပ်ငန်းစုရဲ့ 'ကျိုး' တွင် ရင်းနှီးမြှုပ်နှံမှုသတင်းတို့ကာ နာမည်ကြီးစီးပွားရေးမဂ္ဂဇင်းတို့်ရဲ့ တရားဝင်ဝက်ဘ်ဆိုက် အသီးအသီးတို့မှာ အလျင်အမြန် ဖော်ပြလာကြတဲ့အခါမှာတော့...နက်ဖြန်ရဲ့ စတော့ဈေးကွက် ဖွင့်တာနက် 'ကျိုး'၏ စတော့ဈေးနှုန်းတွေဟာ တရှိန်ထိုးမြင့်တက်လိမ့်မှာကို ခန့်မှန်းလို့ရနေပါပြီ။ ရီအုပ်စုဟာ ဆိုရင်ဖြင့် U.S.A ရှိ စံနှုန်းအကဲဖြတ်ရာ အဓိက အေဂျင်စီ 3ခုတွင် AAA အဆင့်သတ်မှတ်ခံရတာမို့ ... ရင်းနှီးမြှုပ်နှံကြသူတွေဟာ ရီအုပ်စုရဲ့ ရင်းနှီးမြှုပ်နှံရာ လုပ်ငန်းတိုင်းလိုလိုမှာ လာရောက်မြှုပ်နှံဖို့ အရမ်းအရမ်း ယုံကြည်ကိုးစားကြပါတယ်။ 'ကျိုး'မှာ ရီလုပ်ငန်းစုရဲ့ သိသိသာသာ ရင်းနှီးမြှုပ်နှံတဲ့ အစုငွေကြေးကြောင့်...'ကျိုး'ရဲ့နဲ့တဲ့တဲ့နီးပါး အခြေအနေဟာ ချက်ချင်းဆိုသလို တည်မတ်သွားပါတော့သည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now