Chapter - 13.3.1

4.2K 532 19
                                    

ကျိုးယွင်ရှန့်ဟာ ရှေးတက္ကသိုလ်ကျောင်းသားတွေစတိုင်မျိုး မီးခိုးဖျော့ရောင်အကွက်ဆင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့နူးညံ့သောဆံပင်နက်နက်လေးက သူ့နားဖျားသို့ပွရောင်းရောင်းလေးကျနေသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရည်မွန်ပြီးဉာဏ်ထက်မြက်ပုံဖြစ်နေရုံသာမက ငယ်ရွယ်တက်ကြွတဲ့ပုံမျိုးလည်း ဖြစ်နေသည်။ သူက ပြတင်းပေါက်နားက အနီရောင်ကတ္တီပါ sofa ပေါ်မှာ တစ်ခုခုကိုတွေးတောနေဟန် လက်မေးထောက်ပြီးထိုင်နေတာက...ဆီဆေးပန်းချီကားတစ်ချပ်ကို ပုံဖော်ထားသလိုပဲ ပြီးပြည့်စုံတဲ့ငြိမ်သက်အေးချမ်းမှုကိုပေးသည်။

ရီကျန့်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လာပြီးတော့ ဓာတ်လှေကားမှ ထွက်လာသောအခါ သူ နဲနဲလေးမှင်တက်မိသွားသည်။ သူ့ခြေလှမ်းတွေ နှေးသွားတယ်...သူ့ရဲ့မျက်ဝန်းနက်နက်တွေက လူငယ်လေး၏ပုံရိပ်ပေါ်သို့ စိုက်ရောက်သွားသည်။ လူငယ်လေးကလည်း သူရောက်နေတာကို သတိပြုမိတဲ့ပုံပဲ...သူ့နှလုံးသားက တစ်နာရီကို ကီလိုမီတာ500 အမြန်နှုန်းရှိတဲ့ မီးရထားတစ်စင်းခုတ်မောင်းနေသလိုပဲ... သူ့ရင်ဘတ်ကြီးတစ်ခုလုံး ခံစားချက်တွေ မရှင်းရှင်းရောထွေးလာပြီးတော့ ပေါက်ကွဲလုနီးပါပဲ။

ဒါပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဘာမှမဖြစ်သလိုနဲ့ပဲ လူငယ်လေးဆီ လျှောက်သွားပြီး မေးလိုက်တယ် , "စောင့်နေရတာ ကြာသွားပြီလား?"

"နှစ်တစ်သောင်းကြာတဲ့ထိတောင် ခင်ဗျားကိုစောင့့်နေနိုင်ပါတယ်" ကျိုးယွင်ရှန့်က ဒီအသည်းယားစရာစကားလုံးတွေကို အလေးအနက်တည်တည်ကြည်ကြည်အသံနဲ့ ပြောလာသည်။

ရီကျန့်နောက်က သက်တော်စောင့်နှစ်ယောက်က သူ့ကို အထူးအဆန်းမျက်လုံးတွေနဲ့ကြည့်လာသည်။ အရင်ကတော့ ဒီကျိုးသခင်လေးက မိန်းမတွေကိုပဲကြိုက်တယ်လို့ သူတို့ထင်နေတာ...ဒါပေမယ့် အခုကြည့်ရတာတော့ သူက မိန်းမရော,ယောကျ်ားရော နှစ်ခုစလုံးဘာလာလာဒေါင်းတဲ့ပုံပဲ...အာ့။ ဒါပေမယ့် Boss ကို ဖြားယောင်းဖို့ရည်ရွယ်တာက...သူ ချေမှုန်းခံရမှာ မကြောက်ဖူးလား? 'ကျိုး'က အရမ်းချမ်းသာပေမယ့် 'ရီ'အုပ်စုနဲ့ယှဉ်ရင်...ဒါကဘာမှမဖြစ်စလောက်လေးပဲ။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now