Chapter - 13.7.3

3.7K 444 2
                                    

လက်တလောတွင်တော့ ... 'Magic World' ရဲ့စမ်းသပ်အကြိုကာလက ပြီးသွားပြီဖြစ်တဲ့အတွက် Tengda မှ ကစားသူများအား ငွေစတင်ကောက်ခံနေပြီဖြစ်၏၊ ဖန်းကျစ်ဖေးသည် ဘဏ္ဍာငွေမှတ်တမ်းများကို လက်ခံရ၏ ... တချက်ကြည့်ရုံနဲ့ အခြေအနေများ ဘယ်လိုတောင် ဆိုးဝါးနေကြောင်းကို သိနိုင်၏။

Tengda ဟာ ငွေကြေးများကို မဖန်တီးနိုင်ရုံသာမက ... ငွေကြေး 10 million နီးပါးတောင် ဆုံးရှုံးသွားခဲ့၏၊ ဒီ့အပြင် ဂိမ်းမူပိုင်ခွင့်ကို ဝယ်ယူခဲ့သည့် 75 million ရယ်၊ ဂိမ်းအတွက် ကြော်ငြာနဲ့မာကတ်တင်းအဖို့ ချေးယူခဲ့သည့် 20 million နဲ့ ဂိမ်း code ကို ပြန်ပြင်ဖို့ရာအတွက် ငှါးရမ်းခဲ့သည့် ဟက်ကာကြေး US ဒေါ်လာ 5 million ဖိုးတွေပါ ထည့်တွက်မယ်ဆိုရင် ... Tengda ၏ ဝင်ငွေထက်ပိုသည့်သုံးငွေက 130 million ရှိလေသည်။

Tengda ကို ပြန်အဖတ်ဆယ်ဖို့ဆို ... သူတို့သည် ချို့ယွင်းချက်ကို ဖာထေးရန် အချိန်အများအစား လိုအပ်ရုံတင်မကသေးဘဲ၊ 'ကျိုး'ကို ရီလုပ်ငန်းစုက ကယ်ယူလိုက်သလိုမျိုး ... ကုမ္ပဏီထဲ ငွေကြေးပမာဏအမြောက်အမြား ထည့်သွင်းပေးရန်လည်း လိုအပ်သေး၏။ သို့သော်ငြား သူတို့တွေက ဘယ်နေရာကနေ ရီကျန့်နောက်တယောက်ကို သွားရှာရမည်နည်း? ဖန်းကျစ်ဖေး၏ မကောင်းသတင်းများဖြစ်သော ... တိတ်တိတ်ပုန်းရသည့် ကလေးတစ်ယောက်ဖြစ်တဲ့အပြင် ... သူက တရားဝင်ကလေးအား ချောက်ချ၍ ထောင်ကျစေသည့် အတင်းအဖျင်းသတင်းတို့ ဟိုးလေးတကြော်ကြော် ဖြစ်လာတဲ့နောက်တွင်တော့ ... သူနှင့်နီးစပ်ရာ သိကျွမ်းရင်းနှီးကြသူများပ သူ့အား မသိမသာ ဖဲကြဉ်ကာ ရှောင်တိမ်းသည် အထိတောင် ဖြစ်လာကြ၏။

ထိုအထိတိုင်အောင် ... ဖန်းကျစ်ဖေးသည် သူ့၏ဂုဏ်သတင်းပျက်ယွင်းမှုက သူ့အပေါ်ဘယ်လောက်တောင် သက်ရောက်နိုင်သလဲဆိုသည်ကို သူမသိသေးပေ။ ကုမ္ပဏီနှစ်ခုအကျိုးတူပူးပေါင်းခြင်း၏ ပထမဆုံး စံနှုန်းသည်က ... တဖက်လူရဲ့ အကျင့်လက္ခဏာ စာရိတ္တနှင့် အသိအမှတ်ပြုဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးတို့ဖြစ်၏ ... ထို့နောက်တွင်မှ အင်အားဆိုသည့်အရာ။ ဆိုတော့ သူ့၏ အကျင့်လက္ခဏာ စာရိတ္တနှင့် ကိုယ်ရည်ကိုယ်သွေးတို့က ပျက်သုန်းနှင့်ခဲ့လေပြီ။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now