Chapter - 13.8.3(The End)

5.4K 499 9
                                    

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ... တရားရုံးမှ စွဲချက်အားလုံးကို အတည်ပြုကြောင်း ကြေငြာခဲ့ပြီးတော့ ... သူ့အား အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခဲ့၏၊ နောက်ထပ် ထောင်ဒဏ် ငါးနှစ်နှင့် လျော်ကြေးငွေပမာဏများစွာတို့ကိုတော့ ဘဏ္ဍာငွေကြေးဆိုင်ရာ အခွန်ငွေရှောင်လွဲမှု, ငွေမည်းထားရှိမှုတို့ဖြင့် ... ထောင်ဒဏ်,ငွေဒဏ် ပေါင်း ဆယ့်ငါးနှစ်ကျသင့်စေသည်။ တစ်ကြိမ်တခါက IT နယ်ပယ်ရဲ့ အမြင့်ဆုံးသော ဂုဏ်ယူစရာ တက်သစ်စတစ်ယောက်က ထောင်သားအဖြစ် ရောက်ရှိသွားလေတော့ ... ခန်းမှန့်ရခက်ပါတဲ့ ကံတရားဟုသာ သတ်မှတ်၍ သက်ပြင်းချရုံပါပင်။

Tengda မှ ကျွမ်းကျင်လုပ်သားတို့သည် နေရာမှာတင် ရပ်တန့်သွားလျက်၊ တချိန်တည်းမှာပင် ပြိုလဲသွားကျ၏။ 'Magic World' ကို ဒေါသထွက်နေမှုတို့သည်လည်း အင်တာနက်တွင် ပျောက်ကွယ်သွား၏။ ဖန်းခွန်းဖိန်သည် သူ့သားရဲ့ အကြွေးမြီအား မဆပ်နိုင်သည် ဖြစ်ရကာ၊ သူနဲ့သူ့မယားငယ်တို့သည် အဝတ်အစားတို့ယူ၍သာ သူတို့အိမ်မှ ပြောင်းရွေ့ပေးရတော့သည်။ သူက ဒုတိယ သို့မဟုတ် တတိယအဆင့် သတ်မှတ်နိုင်သည့် တက္ကသိုလ်တွင် စာသင်ကြားဖို့ ရှာချင်ပေမယ့် ... သူ့မျက်နှာကို Y မြို့တော်တွင် မသိသူမရှိသလောက် ဖြစ်နေလေတော့၊ ကျောင်းသားမိဘများက တိုင်တန်းပြောဆိုမှုများဖြင့် နာမည်ကျသွားမည်ဆိုတာကြောင့် ... ဒီပလိုမာသင်တန်းများသည်ပင် သူ့အား မခန့်ရဲပါပေ။

အနှီပုဂ္ဂိုလ်နှစ်ယောက်အတွက် မျှော်လင့်ချက်ကင်းမဲ့ရာ အခြေအနေပါပေ့၊ နေစရာနေရာအတွက်တောင် တောင်းပန်တိုးလျှိုကာဖြင့် ... နောက်ဆုံးမှာမှ သူတို့သည် ငှါးရမ်းခနည်းသည့် အိမ်ကိုရှာတွေ့သွား၏၊ ကြွေးရှင်တို့က သူတို့အိမ်ပေါက်ဝရှေ့ထိ ရောက်လာပြီး ... သူတို့အား ဆိုးဆိုးဝါးဝါးရိုက်နှက်ကြလေသည်။ ရှေ့ဆက်ရမည့်လမ်းတို့က အတောမသတ်နိုင် မျှော်လင့်ချက်ပျက်ယွင်းမှုအတိတို့ဖြင့်။

သည့်အပြင် ... တရားရုံးတွင် ကျိူ းယွင်ရှန့်ပြောခဲ့သည့် စကားတို့တဖြေးဖြေးပျံ့နှံ့သွားလေရာ၊ တရုတ်ပြည်သားများက 'စကားလုံးတွေနဲ့ဥပမာယူကာ သင်ယူတဲ့ မူလဗားရှင်း'မှ သူအဖြစ် စံနမူနာထားစေ၏ ... ၎င်းက နောက်ငယ်ရွယ်တဲ့ မျိုးဆက်သစ်များကို သင်ကြားရာမှာ ကြီးမားတဲ့အထောက်အကူပြုလေသည်။ အမှန်တွင်က ... ကျိူ းယွင်ရှန့်သည် ပြည့်စုံသည့်လူတစ်ယောက်တော့ မဟုတ်ပေ၊ ဒါပေမယ့် ဖန်းကျစ်ဖေးနဲ့ယှဉ်ရင်တော့ ... သူက လူမှန်တစ်ယောက်ဆိုတာ အသိသာချည်းပါပင်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Where stories live. Discover now