အရင်ဘဝတုန်းက ကျိုးယွင်ရှန့်ဟာ စကပ်အနီရောင်ဝတ်အမျိုးသမီးအပေါ် အာရုံမထားတဲ့အတွက် သူမရဲ့အကောက်ကြံမှုတွေကို မမြင်ခဲ့ရဖူး။ ဒါပေမယ့် system က သူ့ကို သူမနဲ့ဆက်လက်ဆက်သွယ်ဖို့တာဝန်ပေးခဲ့တယ်။ သူ့အရှေ့က ထောက်ချောက်မှန်းသိသိနက် သူ့မှာရွေးချယ်စရာမရှိခဲ့ပဲ တိုးဝင်လိုက်ရသည်။
ကျိန်းသေပါပဲ...သူမနဲ့ချိန်းတေ့ွတဲ့အခိုက်မှာ သူဆေးခတ်ခံလိုက်ရတယ်...ပြီးတော့ သူမက သူ့ကို အပေါ်ထပ်ရှိသီးသန့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။ အာ့က Fairy Water လို့ခေါ်တဲ့ဆေးအသစ်ဖြစ်ပြီးတော့ တခါသုံးပြီးသွားတာနက် အာရုံကြောတွေကို အလွန်အမင်းလှုံ့ဆော်ပြီးတော့ ကာမဆန္ဒကိုလည်း အထိန်းအချုပ်မဲ့တဲ့အထိ မြင့်သွားစေတယ်။ အဲ့ဒီအချိန် ကျိုးယွင်ရှန့်ရဲ့ရင်ထဲမှာ သွေးထွက်လောက်တဲ့ထိအောင် အမုန်းတရားတွေနဲ့ပြည့်နေပေမယ့် သူ့ခန္ဓာကိုယ်က သူ့စကားကိုနားမထောင်ခဲ့ဖူး...သူ ထိုမိန်းမကို အညှာအတာမဲ့ထိ ပြုကျင့်မိနေသည်။
ထိုမိန်းမက သူ့ကို အပြင်းအထန်ခုခံခဲ့တယ်...ထိခိုက်ဒဏ်ရာများစွာနှင့် အတူအဆုံးသတ်ခဲ့တယ်...အဲ့ဒီနောက် သူမက အော်ဟစ်ငိုယိုပြီး အကူအညီခေါ်ခဲ့တယ်။ သူမ၏ကြံရာပါတွေက ရဲတွေကိုမြန်မြန်ဆန်ဆန် ခေါ်လာနိုင်ခဲ့တာ မအံ့သြမိပါဖူး...ဒီအပြုအမူတွေကြောင့် သူ အဖမ်းခံခဲ့ရသည်။ ကျိုးယွင်ရှန့်ကို ရဲကားထဲသို့ ခေါ်ဆောင်သွားသောအခါ သူ့အင်္ကျီတွေက ညစ်ပတ်ပေရေနေတုန်းပဲ...ကလပ်ရဲ့အပြင်မှာ သတင်းစာအကြီးအသေးအကုန်လုံးက သတင်းထောက်တွေအကုန်လုံး ရှိနေကြတယ်။ ဒီတော့ သူ့ရဲ့ဂုဏ်သတင်းဟာ လုံးဝကို အမည်ဆိုးတွင်သွားတော့သည်။
တရားရင်ဆိုင်ရာတွင် မုဒိမ်းမှုနဲ့ဆေးသုံးစွဲမှုမှာ သူ့တွင်သက်သေ မခိုင်လုံတာကြောင့် သူ ထိန်းသိမ်းခံရသည်။ ကျိုးမေမေက ထိုမိန်းမနဲ့သီးသန့်သွားတွေ့ပြီး ကျေအေးပေးဖို့ဖျောင်းဖျတောင်းဆိုတယ်...7သန်း ပေးလိုက်မှပဲ သူမက သဘောတူလက်ခံခဲ့သည်။ အဲ့ဒီနောက် သူမက ငွေတွေနဲ့အတူ ဘာသတင်းအစအနမှတောင် မရပဲထွက်ပြေးသွားခဲ့တယ်...ကျိုးယွင်ရှန့်ကတော့ တရားရုံးမှာဆက်လက်ရင်ဆိုင်ရတုန်းပဲ။ ဒီသတင်းကိုကြားတော့ ကျိုးမေမေ ဒေါသကြောင့် နှလုံးရပ်မတက်ဖြစ်သွားသည်။

YOU ARE READING
ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)
AdventureOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိူးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိ...