နေနဲ့လရဲ့ချစ်ခြင်းအပြိုင်

860 24 1
                                    

Saint တစ်ယောက် နှိုးဆက်သံကြောင့်နိုးထလာခဲ့သည်နှင့်တစ်ပြိုင်နက်
တီ တီ တီ
Saint : ဟဲလို P'
P'Chen : Saint ဒီနေ့နေ့လည် 12 နာရီ photo shooting ရှိတယ်နော် P' 11 နာရီလောက်လာခေါ်မယ် အသင့်ပြင်ထားနော်
Saint : ဟုတ် P' ဒါပဲနော်
P'Chen : ok bye
ကျွန်တော့ရဲ့နာမည်အရင်းက Saint Suppapong တဲ့ အသက်ကတော့ 23 ‌ရုပ်ရှင်လောကမှာနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပါတယ်။
P'Chen ကတော့ ကျွန်တော့်ရဲ့မန်နေဂျာတစ်ယောက်ဖြစ်သလိုအကိုတစ်ယောက်လိုခင်တွယ်ရတဲ့ကျွန်တော့ဘဝရဲ့တစ်ဦးတည်းသောခင်တွယ်ရာလဲဖြစ်ပါတယ်။
Saint တစ်ယောက်ပြင်ဆင်ပြီး P'Chen လာခေါ်တာကြောင့်ကားပေါ်တက်လိုက်သည်။
Saint : P' photo shooting ပြီးရင် ဘာရှိသေးလဲ
P'Chen : မရှိတော့ဘူး မနက်ဖြန်လဲschedule မရှိဘူးနားလို့ရတယ်
Saint : ဟုတ် P'
"ဟုတ်တယ်လေနားရအုံးမှအခုတလောကောင်းကောင်းမအိပ်ရတာ တစ်လလောက်ရှိပြီ လက်ခံထားတဲ့ဇာတ်ကားကောကြေငြာ‌တွေကောနဲ့တိုင်တွေပတ်နေတာ အခုမှပဲနားရတော့မယ် ဟူးးးး"
Saint တစ်ယောက်ပင်ပန်းနေတာနဲ့လူကသိပ်မလန်းတာကြောင့်မှေးနေလိုက်တော့သည်။
P'Chen : Saint sup ရောက်ပြီ
Saint တစ်ယောက်အိပ်ချင်မူးတူးဖြင့်
Saint : ဟုတ် P'
Studio ထဲမှာ Photo shooting တစ်ဝက်ရိုက်ပြီးနားတော့ P'Chen ကအပြင်ထွက်ပြီးဖုန်းသွားပြောနေသည်
Saint : ဟင်းးး လန်းသွားအောင် green tea လေးသွားသောက်အုံးမယ် P'မရှိတော့ကိုယ်ဘာသာသွားရတော့မှာပဲ ဟူးးး
Saintတစ်ယောက်ညည်းညူသံပေါင်းစုံဖြင့် green tea ဝယ်ရန် studio ရှေ့သို့လေးပင်သောခြေလှမ်းများဖြင့်ထွက်လာခဲ့သည်။
Studio ရှေ့သို့အရောက်
ကျွီ းးးးးး
Saint : အောင်မလေး
အနောက်မှကားရပ်သံကြောင့် Saint ‌တစ်ယောက်လန့်သွားကာနဂိုကအားမရှိတဲ့ခြေထောက်တွေယိုင်ပြီးလဲကျသွားခဲ့သည်။
"ငါလဲသွားတာဘာလို့မနာတာလဲဟ"
မျက်စိလေးဖွင့်ကြည့်လိုက်တော့ သူ့ကိုထိန်းကိုင်ပေးထားတဲ့ လက်လေးတစ်စုံ
Perth : အဆင်ပြေရဲ့လားဗျ
Saint : ဟင်
သူပြူးကြည့်နေမိသည် မျက်ဝန်းတောက်တောက်‌ နှုတ်ခမ်းပါးပါးလေးတွေနဲ့ ချစ်‌စရာကောင်းတဲ့ကောင်လေး‌တစ်ယောက် သူစဉ်းစားခန်းဝင်နေစဉ်
Perth : အဆင်ပြေရဲ့လားလို့ ဘယ်နားဘာဖြစ်သွားသေးလဲဟင်
Saint တစ်ယောက်အဲ့ဒိတော့မှအသိဝင်လာပြီးရင်ခွင်သေးသေးလေးထဲကထွက်လိုက်ကာ
Saint : အာ ဘာ ဘာမှမဖြစ်ပါဘူး ကျေးဇူးနော်
Perth : ဟုတ်ရပါတယ် အဆင်ပြေတာသေချာရဲ့လား နေမကောင်းဘူးနဲ့တူတယ်
Saint : ရပါတယ်နည်းနည်းပင်ပန်းသွားလို့ပါ ဒါနဲ့မင်းနာမည်က
Perth : ကျွန်တော့နာမည် Perth Tanapon ပါ
Saint : အသက်ကကော ကိုယ့်ထက်ငယ်မယ်ထင်တယ်
Perth : ကျွန်တော်က အသက် 20 ပါခင်ဗျ
Saint : ကိုယ့်ထက် 2 နှစ်ငယ်တာပေါ့ ကိုယ့်ကိုတော့သိတယ်မဟုတ်လား
Perth : ဟုတ် သိပါတယ် စီနီယာအကို Saint မဟုတ်လား
Saint : ဟင် Saint ဆိုတာတော့ဟုတ်ပါတယ် ‌စီနီယာဆိုတော့မင်းက
Perth : ဟုတ် ကျွန်တော်က အကိုနဲ့အတူ photo ရိုက်ရမဲ့ဂျူနီယာပါခင်ဗျ
Saint : aww ဒီလိုလား photo shoot second part မှာတွဲဖတ်နဲ့ရိုက်ရမယ်ဆိုတာပဲသိထားလို့ sorry နော်
Perth : မဟုတ်တာရပါတယ် ကျွန်တော်ကအခုမှ ကြိုးစားဆဲဆိုတော့ P' မသိတာ မဆန်းပါ ဘူး ရပါတယ်
Saint : အင်းပါ ဟုတ်ပါပြီ ကိုယ်အခုကစပြီးမင်းကိုသေသေချာချာမှတ်ထားလိုက်ပြီနော်
ပေါက်စနဲ့စကားပြောနေတုန်းအနောက်ကနေ P'Chen ရောက် လာပြီး
P'Chen : Perth ရောက်နေပြီလား
Perth : ဟုတ် P'Chen စဝဒီခ🙏🙏
P'Chen : ဝဒီဝဒီ Saint နဲ့သိနေကြတာလား
Saint : အခုမှမိတ်ဆက်နေတာ P' ရဲ့ ကျွန်တော့ နဲ့တွဲရိုက်မှာဆို P' ကကျွန်တော့်ကို တွဲဖတ်ရဲ့ data လဲမပြောဘူး
P'Chen : အာ ဟုတ်တယ် P' မေ့သွားလို့ကားပေါ်မှာပြောမလို့မင်းအိပ်နေတာနဲ့မပြောဖြစ်တာ sorry
Saint : ထားပါတော့အခုမိတ်ဆက်ပြီးပြီ
P'Jyn : Perth အထဲကခေါ်နေပြီ aww Chen တို့နဲ့စကားပြောနေတာကိုး
Saint : စဝဒီခ🙏🙏 P'Jyn
P'Jyn : Watee 🙏 Saint ကတော့အရင်အတိုင်းပဲနော် ဘယ်အချိန်ကြည့်ကြည့်မိုက်နေတာပဲ
Saint : P' ကမြှောက်နေပြန်ပါပြီ
P'Jyn : ဒါဆို perth နဲ့မိတ်ဆက်ပြီးရောပေါ့ P'ကမိတ်ဆက်ပေးမလို့အထဲမှာရှာနေတာ
Saint : ဟုတ် မိတ်ဆက်ပြီးပြီ P'
P'Jyn : ဒါဆို မင်းညီကို တွဲခေါ်ပါအုံးနော် အပ်ပါတယ် Perth ကဒီလောကထဲရောက်တာမကြာသေးပင်မဲ့သူကအရမ်းကြိုးစားတာ
Saint : ဟုတ် P' စိတ်ချပါ အထဲကခေါ်နေပြီသွားရအောင် လာ N'
မဆီမဆိုင် လက်ဆွဲခံလိုက်ရသည့် Perth တစ်ယောက်ကြောင်တောင်တောင်နှင့်သူနောက်မှပါလာသည်ကိုလှည့်ကြည့်ပြီးနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။
"ဒီကောင်လေးလက်ကိုငါဘာလို့ဆွဲလိုက်မိပါလိမ့် ဘာပဲဖြစ်ဖြစ်ချစ်ဖို့ကောင်းတာတော့အမှန်ပဲ 😁😁"
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေပြီး ခုနကပင်ပန်းတာတွေတောင်ဘယ်နားရောက်သွားမှန်း Saint မသိလိုက်ပါ။
Saint photo ရိုက်နေသည့်တစ်ချိန်လုံးဒီပေါက်စလေးကိုအကဲခက်မိသည် အလုပ်ကိုစိတ်ဝင်တစားလုပ်သည် ကြိုးစားသည်အကြီးတွေအပေါ်မှာလဲအမြဲရိုသေလေးစားစွာဆက်ဆံသည် အနေအရမ်းအေးသည် ဘာ့ကြောင့်မှန်းမသိ သူဒီကောင်လေးကိုစိတ်ဝင်တစားလိုက်ကြည့်နေမိသည်။
Photo shooting ကအပြန်ည 7နာရီလောက်ဖြစ်နေပြီ
Saint : အားလုံးပဲပြန်လိုက်ပါအုံးမယ်ခင်ဗျ good night
အားလုံးကိုနှုတ်ဆက်အပြီးသူ့ပေါက်စလေးကိုရှာရတော့သည်
Saint : ဘယ်ရောက်သွားပါလိမ့်
P'Chen : ဘယ်သူ့ကိုရှာနေတာလဲ
Saint : aww ဟို N'Perth ကိုပါနှုတ်ဆက်မလို့လေ
P'Chen : သူကထွက်မလာသေးဘူးSaint နှုတ်ဆက်ချင်ရင်ကားနားကစောင့်ကြမယ်လေ
Saint : ok P'
P'Chenပြောသောကြောင့် studio မှကားပါကင်သို့ထွက်လာခဲ့တော့သည်။
ခဏအကြာ
Saint တစ်ယောက်ကားထဲမှာမထိုင်နိုင်ကားကိုမှီပြီးပေါက်စကိုစောင့်နေစဉ် ပေါက်စရောက်လာကာ
Perth : P' မပြန်သေးဘူးလား
Saint : အင်း N' ကိုမတွေ့လို့စောင့်နေတာ
Perth : အာ ဟို ကျွန်တော်က ဖုန်းပြောနေလို့ကြာသွားတာ တောင်းပန်ပါတယ် P' ဘာပြောစရာရှိလို့လဲဟင်
Saint အရှေ့မှ သူ့ကိုအားနာစွာနဲ့အသည်းအသန်ရှင်းပြနေတဲ့ပေါက်စကိုအသဲတွေယားနေမိသည်
Saint : ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး အပြန်နှုတ်ဆက်မလို့လေမတွေ့လို့စောင့်နေလိုက်တာ ဒါနဲ့ကိုယ်တိုင်ကားမောင်းပြန်တာလား
Perth : အင်းဟုတ်တယ် P' အိမ်ပြန်ချိန်တစ်ယောက်ထဲအေးအေးဆေးဆေးကားမောင်းရတာကြိုက်လို့
Saint : အင်းဟုတ်ပါပြီဒါဆို ဂရုစိုက်မောင်းနော် good night
Perth : ဟုတ် P' လဲဂရုစိုက်ပြန်ပါ good night
ပေါက်စကိုနှုတ်ဆက်ပြီးပြန်လာခဲ့သည်။ဒီညတော့ Saint တို့ အိမ်မက်တွေလှတော့မည်။

#Annie
ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်လိုက်မယ်နော် 😁😁

နေနဲ့လရဲ့ချစ်ခြင်းအပြိုင် (Complete)Where stories live. Discover now