Ep-29

19.1K 1.3K 30
                                    

အချစ်ရာသက်ပန်⏱️

ခေါင်းအုံးပေါ်ကနေ ဘေးစောင်းကျနေသည့် ရှင်းဆက်ခေါင်းလေးကို ရင်ခွင်ထဲဆွဲသွင်းကာ ပြန်အိပ်ဖို့ ကြိုးစားတော့
နားထဲကြားသည့် ခြေသံတစ်ရှပ်ရှပ်ကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။

ထမင်းစားခန်းဘက်မှကြားတာမို့ တစ်ယောက်ယောက်ဝင်နေတာသေချာသည်။
ရှင်းဆက်ခေါင်းလေးကို သေချာပြန်ချပေးပြီး ဝဠာအိပ်ယာကထလာခဲ့သည်။

မီးဖိုခန်းတွင် ဟန်နီကိုမြင်လိုက်ရတာမို့ ခဏရပ်ကြည့်နေလိုက်သည်။
ထမင်းပေါင်းအိုးတည်ရန်ပြင်ဆင်နေခြင်း။

"ဟန်နီ"

ဘေစင်တွင် ဆန်ဆေးနေသည့်ဟန်နီက ဝဠာ့အသံကြားတော့ လန့်သွားပုံရသည်။

"နိုး…နိုးသွားတာလား ငါ့ကြောင့်"

"ဘာတွေလုပ်နေတာလဲ အစောကြီးကို
ငါက သူခိုကပ်တယ်ထင်လို့"

"မနက်စာလုပ်မလို့ပါ
အသံမကြားအောင်တော့လုပ်တာပဲ
ငါ့ကြောင့် အိပ်ရေးပျက်သွားပြီ"

"ဒီလောက်အစောကြီးကိုဟာ
မနက်စာပြီးမှ ငါလုပ်လဲရတယ်
သွား အခန်းထဲပြန်ဝင်တော့"

"ရတယ် ငါအိပ်မပျော်လို့
နင်သွားပြန်အိပ်လိုက်ပါ တော်ကြာရှင်းဆက်ပါနိုးသွားလိမ့်မယ်"

"နင်သာအခန်းထဲဝင်စမ်းပါဟာ
နင်အခုလိုလုပ်တာမတားရင် ရှင်းဆက်ကငါ့ကိုစိတ်ဆိုးလိမ့်မယ်"

"ငါတကယ်အိပ်မရလို့ပါ
ငါအသံမကြားအောင်လုပ်မှာပါ
နင်သွားအိပ်လိုက်နော် ရှင်းဆက်ကိုလဲ ငါပြောပါ့မယ်"

"ပြောမရလဲ နေတော့ဟာ
လဲကျအုံးမယ် ဂရုစိုက်"

"အင်း"

ဟန်နီ့ကို ပြောမရတာမို့ ဝဠာအိပ်ယာထဲပြန်လာခဲ့သည်။
စောင်ကိုကန်ထားသည့်ရှင်းဆက်က ကွေးကွေးလေးအိပ်နေသည်။
ကျန်တဲ့အချိန်တွေဆိုရင် ဝဠာ့ထက် ရင့်ကျတ်တည်ငြိမ်နေသလောက် အိပ်နေချိန်ဆို ကလေးသဖွယ်ဖြစ်နေတက်သည့်ရှင်းဆက်ပါ။
စောင်ကို နှစ်ယောက်ပေါ်ခြုံပြီး ခေါင်းအောက်လက်ထိုးလိုက်တော့ ချက်ချင်းရင်ခွင်ထဲတိုးလာသည်။
နှဖူးထက် အနမ်းခြွေကာ ဝဠာလဲပြန်အိပ်လိုက်သည်။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now