Ep-21

18.3K 1.5K 60
                                    

အချစ်ရာသက်ပန်⏱️

"ဟန်နီ"

ရှင်းဆက်ရဲ့သူငယ်ချင်းမလေး။
ခေါ်သံကြောင့် လှည့်ကြည့်လာပြီး မြင်သွားတော့ မျက်ရည်တွေတအိအိကျလာသည်။

"ဘယ်သွားမလို့လဲ"

"ငါ့ကိုသနားနေတာလားရှင်းဆက်
တန်လို့လားငါနဲ့…ငါတို့သူငယ်ချင်းမဟုတ်တဲ့အတွက်
ငါနင့်ကိုဘာမှပြောစရာမရှိဘူး"

"တစ်ယောက်ထဲ ဘဝကိုဖြတ်သန်းဖို့ ယုံကြည်ချက်ရှိလို့လား"

"ဒါဆိုနင့်ကိုသတ်ပြီး နင့်ပိုင်ဆိုင်မှုတွေကိုငါလုရမှာလား"

"နင်လိုချင်ရင် ငါပေးမယ်ဟန်နီ
နင်ချမ်းသာတဲ့ဘဝနဲ့နေချင်လဲ ငါဖန်တီးပေးမယ်"

"ငါ့ကိုငါဒီထက်ပိုပြီးအပြစ်တင်မိအောင်မလုပ်နဲ့တော့ရှင်းဆက် ပြီးခဲ့တာတွေအတွက် ငါမတောင်းပန်နိုင်လို့
စိတ်မကောင်းပေမဲ့ နင့်ကိုထပ်ပြီး ဒုက္ဓမပေးတော့ပါဘူး
လောကကြီးက တစ်ကယ်ကြောက်စရာကောင်းတယ်
လောဘတွေတက်လာရင် ဘယ်သူ့ကိုမဆို အန္တာရာယ်ပေးဖို့ဝန်မလေးတက်ဘူး
ငါ့လောဘတွေကြောင့် အားလုံးဆုံးရှုံးခဲ့ရပြီးပြီ
ထပ်ပြီးငါ့မှာ ဆုံးရှုံးစရာမရှိတော့တဲ့အတွက် ငါအရှုံးပေးလိုက်ပြီ"

"သူငယ်ချင်းတွေလေ…ငါတို့က သူငယ်ချင်းတွေပဲမို့
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိကြရအောင်"

"ငါအရှက်မမဲ့ပါရစေနဲ့တော့"

"အကူညီလိုရင် ငါ့ကိုဆက်သွယ်
တစ်ယောက်ထဲခက်ခဲနေရင် ငါရှိတယ်ဆိုတာမမေ့နဲ့"

တရွေ့ရွေ့ထွက်သွားသည့် သူမကို ရှင်းဆက်မတားချင်တော့။
သူမအတွက် ရင်ဆိုင်ဖို့ ရှက်ရွံ့နေမှာပဲလေ။
ခေါင်းမာတဲ့သူမက ဆုံးဖြတ်ပြီးရင် ပြန်ပြောင်းမဲ့သူမှမဟုတ်ဘဲ။
~°~°~°~°~°~°~°~°~

မိဘမဲ့ဆိုတဲ့ ဘဝကို ဒုတိယအကြိမ်ပြန်ရောက်ခဲ့ရပြီ။
ဟန်နီ့အတွက် ဘယ်သူမှမရှိတော့သလို ခိုကိုးရာအရိပ်လဲမရှိတော့ဘူး။

ဘယ်သူ့ကို အပြစ်တင်ရမလဲ။
ကိုယ်တိုင်ကလွဲပြီး အပြစ်တင်စရာလူမရှိခဲ့ဘူး။

ဟန်နီလိုချင်တဲ့ ချမ်းသာကြွယ်ဝမှုတွေ
ဟန်နီရချင်တဲ့ ချစ်ခြင်းတရားတွေ။
ဟန်နီလိုချင်တဲ့ ပျော်ရွှင်မှုတွေ
ရွှေဘုံမှာစံချင်ခဲ့မိတဲ့အချိန်တွေ။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now