အချစ်ရာသက်ပန်⏱️
"မောင် ပြီးရင်သွားရအောင်"
အခန်းဘက်သို့လှည့်ကာ ရှင်းဆက်အသံပြုလိုက်သည်။
အကျီ င်္လဲမယ်ဆိုတဲ့မောင်ကအခုထိထွက်မလာ။
အဖေကအိမ်လာဖို့ခေါ်တာကြောင့်မောင့်ကိုပါခေါ်သွားရမည်။"ဟန်နီတစ်ယောက်ထဲဖြစ်ရဲ့လား
ငါတို့နည်းနည်းတော့နောက်ကျမယ်ထင်တယ်""ရပါတယ် စိတ်မပူနဲ့ အန်ကယ်နဲ့အေးအေးဆေးဆေးစကားပြောပြီးမှပြန်ခဲ့ပါ"
"ညနေစာလဲစားနှင့်နော် ဆေးလဲသောက်ထားအုံး
လမ်းလျှောက်လဲအကြာကြီးမလျှောက်နဲ့တစ်ယောက်ထဲလဲမှာစိုးလို့""အင်းပါ"
ဟန်နီ့ကိုသေချာမှာနေရသည်။
"ရှင်းဆက် မောင်ပြီးပြီသွားမယ်"
"အင်း ဟန်နီငါတို့သွားမယ်နော်"
မောင်နဲ့အတူ တိုက်ခန်းကနေထွက်လာခဲ့သည်။
အဖေ့စီကိုမရောက်တာလဲကြာတော့ လာတွေ့ခိုင်းတာပဲဖြစ်မည်။
ရှင်းဆက်လဲ အလုပ်ကတစ်ဖက် ဟန်နီ့ကိုစိတ်မချတာတစ်ဖက်ကြောင့် မရောက်ဖြစ်။"အဖေက မောင့်ကိုဆူမလို့များလား
အဲ့လိုတော့မဟုတ်လောက်ပါဘူးနော်""ဘာကိစ္စဆူရမှာလဲ မောင်ကလဲ ပေါက်ကရတွေးနေပြန်ပြီ"
"မောင်ကအလုပ်မလုပ်တော့
သူ့သားလေးကိုခိုင်းစားတယ်ထင်နေလားလို့လေ""မဟုတ်ပါဘူး မောင့်ကို ငါကဘာမှမလုပ်စေချင်လို့လေ
အခုခေါ်တာကလဲ မတွေ့တာကြာလို့ခေါ်တာပါ"အဖေ့အိမ်ရှေ့ကားရပ်ပြီး အိမ်ထဲဝင်လာခဲ့ကြသည်။
"လာကြပြီလား"
"ဟုတ် အဖေ နေကောင်းတယ်မို့လား"
"ကောင်းတာပေါ့သားရယ်
သားမက်နဲ့သားကမလာတော့ ကိုယ့်ဘာသာပဲဂရုစိုက်ရတယ်လေကွာ ထိုင်ကြ"မောင်နဲ့အဖေက နဂိုကတည်းကသိပ်အကြောမတည့်တာမို့ မောင်ကရှင်းဆက်ဘေးနားကပ်ထိုင်သည်။
"အဖေက မင်းတို့ကို လုပ်ငန်းတွေအကုန်လွှဲပေးရမလားလို့ နှစ်ယောက်ဦးစီးတော့ သိပ်မပန်းဘူးလေ"
YOU ARE READING
အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)
Romanceချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)