Ep-10

18.8K 1.7K 68
                                    

အချစ်ရာသက်ပန်⏱️

ရှင်းဆက်ကားသော့ကိုလဲ အဖေ့စီပေးထားခဲ့လိုက်သည်။
တိုက်ခန်းတွင်ဘာတစ်ခုမှချန်မထားခဲ့တော့။
ကွာရှင်းစာချုပ်နှစ်စောင်ကိုသာ အိပ်ယာပေါ်တင်ပေးထားခဲ့သည်။

လောဆိပ်တွင် စောင့်နေသည့် အဖေက မျက်နှာမကောင်းသော်လည်း ရှင်းဆက်စိတ်ချမ်းသာဖို့ဦးစားပေးသူမို့
ကောင်းကောင်းမွန်မွန်နေဖို့မှာသည်။

ဂျပန်ခရီးစဉ်။
ဆာကူရာပန်းတို့၏ပွင့်လန်းရာသည် ရှင်းဆက်စိတ်အပန်းပြေစေမဲ့ တစ်ခုတည်းသောနေရာဖြစ်သည်။

"သား လိုအပ်တာရှိရင် အဖေ့ကိုလှမ်းပြော
ပိုက်ဆံလိုရင်လဲ ကြိုပြော သားဘာမှလုပ်စရာမလိုဘူး"

"ရပါတယ်အဖေကျနော့်အတွက်စိတ်မပူပါနဲ့
စီးပွားရေးလောကမှာခြေဆန့်နိုင်ဖို့ ကျနော်အများကြသင်ယူခဲ့ပါမယ် ကျနော်ပြန်လာရင်တော့ အဖေ့အလုပ်တွေနားမယ်မဟုတ်လား"

"သားသဘောအတိုင်းဖြစ်စေရမှာပါ
လေယာဉ်ချိန်နီးပြီး သွားတော့လေ ကျန်းမာရေးကိုဂရုစိုက်"

"ဟုတ် အဖေ"

အဖေ့ကိုသွားဖက်ပြီးနောက် လေယာဉ်ပေါ်တက်ရန် ရှင်းဆက်လာခဲ့သည်။
အားလုံးနဲ့ခဏခွဲကြာပေါ့လေ။
ခဏပါပဲ။

ရှင်းဆက်လေယာဉ်ပေါ်ရောက်တော့ နေရာရှာလိုက်သည်။
ရှင်းဆက်ထိုင်ခုံ၏ဘေးတွင် မြန်မာလူမျိုးနှင့်မတူသော
ူအသားဖြူဖြူလူတစ်ယောက်ထိုင်နေသည်။
ရှင်းဆက်အနားသွားရပ်တော့ မော့ကြည့်ကာနေရာဖယ်ပေးသည်။
ရှင်းဆက်ကို အတွင်းဘက်သို့ထိုင်ခိုင်းခြင်းဖြစ်သည်။
ဖော်ရွေသည့်အပြုံးတစ်ခုသာပေးပြီး ထိုလူစီမှ ဘာစကားမှထွက်မလာချေ။

တစ်ချိန်လုံးစကားမပြောသည့် ထိုလူနှင့်အတူ ရှင်းဆက်ရဲ့ဂျပန်ခရီးစဉ်သည်လဲ နားအေးပါးအေးဖြစ်ခဲ့သည်။
~~~~~~~~~~~~~~

ဟန်နီ့ကို မနက်စာကျွေးနေရင်း ဝဠာ့ခေါင်းထဲ ရှင်းဆက်ကိုတွေးနေမိသည်။
ဟိုတနေ့ကအတွက် အဆင်မှပြေရဲ့လားမသိ။
ရှင်းဆက်ခေါ်တာကြားပေမဲ့ ဝဠာလဲ ကိုယ့်ဇောနဲ့ကိုယ်မို့
လှည့်မကြည့်ဖြစ်ခဲ့။
အဆင်ပြေလို့ဖြစ်မှာပါ။
အဆင်ပြေလို့လဲ ဝဠာဆေးရုံမှာရှိတဲ့တစ်ချိန်လုံး အဆက်အသွယ်မလုပ်တာပေါ့။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now