Ep-15

18.7K 1.5K 98
                                    

အချစ်ရာသက်ပန်⏱️

"အခုချိန်ထိ မောင်ဦးစားပေးခဲ့တာ မင်းကိုပဲဟန်နီ"

"သေချာရဲ့လားမောင် ပြန်လဲစဉ်းစားကြည့်ပါအုံး
ဂေဟာမှာရှိခဲ့တဲ့ ကလေးဘဝတုန်းက အတူကစားကြပြီဆိုရင်တောင် ဟန်နီက ရှင်းဆက်ကို မလာစေချင်ခဲ့လို့
တခြားနေရာသွားခိုင်းခဲ့တယ် ဟန်နီ့သဘောအတိုင်း
မောင်ကအတူကစားပေးပေမဲ့ ရှင်းဆက်စိတ်ဆိုးနေမှာပဲဆိုပြီး မောင်အမြဲပြောနေခဲ့တယ် မောင်ပိုင်တဲ့ ပစ္စည်းတစ်ခု ဟန်နီက ဦးအောင်ယူတဲ့အခါ ဟန်နီ့ကိုမောင်မငြိုငြင်ပေမဲ့ အဲ့ဒီပစ္စည်းကို ရှင်းဆက်က ဘယ်လိုသဘောကျကြောင်း မောင်ဖွင့်ဟတယ်……
မောင်နဲ့အတူ ထမင်းစားကြရင်တောင်
ဒီနေ့ဟင်းကို ရှင်းဆက်က စားချင်ကြောင်း
သူဂေဟာကို အမြဲနေချင်ကြောင်း ခဏလေးတောင်
မောင့်ပါးစပ်ဖျားမှာ သူ့နာမည်ကိုမချခဲ့ဘူး……
ဟန်နီနဲ့အတူစာအုပ်ဖတ်နေရင်းတောင်
ကားသံကြားတာနဲ့ ရှင်းဆက်လာတာလားဆိုပြီး
ပြတင်းပေါက်ကနေ မောင်ပြေးပြေးကြည့်ခဲ့တာ
ဟန်နီနေမကောင်းလို့ မောင်ကအနားမှာနေပေးခဲ့တယ်
ဒါပေမဲ့ မောင့်စီကအမြဲကြားရတာ စိုင်းရှင်းဆက်နာမည်ချည်းပဲ ဟန်နီဖျားနေတော့ ရှင်းဆက်နဲ့မကစားနိုင်တော့ဘူးဆိုပြီး မောင့်မျက်နှာက မလန်းဆန်းခဲ့ဘူး
ဟန်နီ့ကို မွေးစားဖို့လာခေါ်ကြတယ်
အဲ့ဒီအချိန်မောင်ငိုနေခဲ့ပေမဲ့ ရှင်းဆက်ရော အတူတူနှုတ်ဆက်သင့်တာဆိုပြီး မောင့်ပါးစပ်ကထွက်လာခဲ့သေးတယ် မောင်သူ့ကို ခဏလေးတောင် မေ့မထားနိုင်ခဲ့ဘူး"

"မောင်ဟန်နီ့ကို တွေ့ချင်ခဲ့လို့ ရှာခဲ့တယ်လေ
အဲ့ဒီအသေးအမွှားအထိ အထင်လွဲနေဖို့မှမလိုတာ"

"ဟုတ်ပါတယ် မောင်ဟန်နီ့ကိုရှာခဲ့တယ်
မောင့်အစွမ်းအစနဲ့မဟုတ်ခဲ့ဘူးလေ စိုင်းရှင်းဆက်အကူအညီနဲ့ မောင်ဟန်နီ့ကိုတွေ့ခဲ့တာ ဒါတောင်
မောင်ကသူနဲ့ပျော်နေတာပဲမဟုတ်ဘူးလား
ကျောင်းသားဘဝမှာ ဟန်နီ့ရှေ့ကနေ မောင်ကာကွယ်ပေးခဲ့တယ် ဟန်နီ့ကိုစိုးရိမ်တာကြောင့်မဟုတ်ဘဲ
မောင်ထိခိုက်ဒဏ်ရာရတဲ့အခါ ရှင်းဆက်ဂရုစိုက်တာကို လိုချင်နေခဲ့လို့"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now