EP-1

49.9K 2.7K 121
                                    

အချစ်ရာသက်ပန်⏱️

"ဒါကိုမင်းဘယ်လိုတာဝန်ယူမှာလဲမောင်"

"စိုင်းရှင်းဆက် မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"

"နားကြားမှားတယ်ထင်လို့လား မမှားဘူးဝဠာ
ငါမင်းကို မောင် လို့ ခေါ်လိုက်တာ"

"ရူးနေတာလား မောင်ဆိုတာ ငါ့ကိုဟန်နီခေါ်တဲ့နာမည်
မင်းခေါ်စရာမလိုဘူး"

"အင်းလေ သူမခေါ်တဲ့နာမည်မို့ ငါကခေါ်တာ
မောင့်ချစ်သူခေါ်တာမို့လေ
အခုကစပြီး ငါကသူမပိုင်သမျှ အကုန်လုယူတော့မှာ
မင်းဆိုတဲ့ မောင်ကစ အခု ငါ့လက်ထဲရောက်နေသလိုပဲ
ကျန်တာတွေလဲရောက်လာစေရမယ်"

"ငါ့ကိုမင်းရမယ်ထင်လို့လား"

"မောင်ကရော ငါ့ကိုတာဝန်မယူဘဲ နေလို့ရမယ်ထင်လို့လား"

"ဒီကိစ္စမင်းဘက်ကသက်သက်ဂွင်ဆင်ထားတာလေ
ငါတာဝန်မယူနိုင်ဘူး ငါဟန်နီ့အပေါ် လုံးဝသစ္စာမဖောက်ဘူး နောက်ပြီး မင်းရှက်သင့်တယ် မင်းအဖေကြောင့်
ငါ့ချစ်သူက ဆေးရုံမှာ သေလုမျောပါးဖြစ်နေခဲ့ရတာ"

"ရှက်ရမဲ့သူက ငါလို့တော့မထင်ဘူး
ပြီးတော့ ဟန်နီ သူမသေသွားတာမဟုတ်သေးဘူး
ဒါပေမဲ့ ငါသာအလိုရှိရင် မောင့်ချစ်သူကို နေ့ချင်းညချင်းသေသွားအောင် ငါ့အဖေကသတ်ပေးနိုင်တယ်ဆိုတာ ယုံစမ်းပါ……အခုကိစ္စ ငါ့ဘက်ကဂွင်ဆင်ထားတာတစ်ခုမှမရှိဘူး မောင့်ခြေထောက်နဲ့မောင် ငါ့တိုက်ခန်းကိုရောက်လာခဲ့တာ မောင်သာ ခွေးလိုနွားလို သောက်မလာခဲ့ရင်
ငါနဲ့မှားစရာအကြောင်းကိုမရှိဘူး"

ငယ်သူငယ်ချင်းတွေဖြစ်တာမို့ စကားပြော ဆင်ခြင်နေစရာအကြောင်းမရှိဘူးဟု ရှင်းဆက်ထင်မိသည်။

"မင်းငါ့ကိုချိန်းခြောက်နေတာလား ရှင်းဆက်"

"အချစ်သူရဲကောင်းကြီးက ချိန်းခြောက်လို့မရဘူးဆိုတာ
ငါသိတာပေါ့ ချိန်းခြောက်တာမဟုတ်ဘူးမောင်
ငါစေရင် ဘာမဆိုဖြစ်တယ်ဆိုတာ မောင်အသိဆုံးပါ
ကုန်ကုန်ပြောရရင် မောင့်ဘဝကိုတောင် ပြောင်းပြန်လုပ်ပစ်လိုက်လို့ရတယ်"

"ဘာလဲရှင်းဆက် မင်းလိုချင်တာငါ့ကိုလား
ဟန်နီ့စီကနေ ငါ့ကိုလုယူချင်လို့ ငါ့ချစ်သူကို
သေအောင်လုပ်တာလား မင်းယုတ်ညံ့လွန်းတယ်"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now