Ep-23

18.6K 1.5K 63
                                    

အချစ်ရာသက်ပန်⏱️

ဝဠာအိပ်ယာနိုးလာတော့ ချက်ချင်းခေါင်းထောင်ကြည့်မိသည်။
ညကအတိုင်းအိပ်နေသေးသည့် ရှင်းဆက်ကိုမြင်မှ ပြုံးနိုင်သည်။
ရှင်းဆက်ကို ထိုင်ကြည့်နေရင်း အိပ်ပျော်သွားတာမို့
ဇက်ကနာချင်နေသည်။
နှဖူးလေးကို နမ်းပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။

ထို့နောက် မနက်စာတစ်ခုခုလုပ်ထားရမည်မို့
စဉ်းစားရပြန်သည်။
ရှင်းဆက်လုပ်ကျွေးတာကိုသာစားဖူးပြီး
ဝဠာကတော့ တခါမှ လုပ်မကျွေးဖူးပါ။

ကြည်နူးစရာမနက်ခင်းမဟုတ်မှာကိုသိသော်လည်း
အတက်နိုင်ဆုံး ရှင်းဆက်စိတ်ကျေနပ်မှုရစေချင်သည်။
အထွေအထူးမရှိတာမို့ မနေ့က ရှင်းဆက်ယူလာသည့် ဟင်းတွေကိုသာ ပြန်နွေးပြီး ထမင်းအိုးတည်လိုက်ရသည်။

ထမင်းကျက်မဲ့အချိန်စောင့်နေတုန်း အခန်းထဲက တစ်ခုခုကွဲသည့် အသံကြားတာမို့ ဝဠာအပြေးသွားရသည်။
သေချာပေါက် ရှင်းဆက်စိတ်ဆိုးနေပြီ။

"ရှင်းဆက်"

~ခွပ်~

"အောက်တန်းကျအုံး"

ဝဠာဖင်ထိုင်လဲကျရင်းက ကျကွဲသည့်အရာအားကြည့်မိတော့ ကိုယ်တိုင်မှန်ဘောင်သွင်းထားသည့် ကျောင်းတုန်းကနှစ်ယောက်တွဲ ဓာတ်ပုံလေးဖြစ်သည်။
ရှင်းဆက် ခွဲလိုက်တာပဲနေမှာ။
လက်ထပ်တုန်းကလဲ ဓာတ်ပုံမရိုက်တာမို့ဘအမှတ်တရဟူ၍မရှိတာကြောင့် ဝဠာ့စီမှာရှိသည့်ပုံလေးကို
အိပ်ယာဘေးထားမိခြင်း။
အခုတော့ တစ်စစီကွဲလို့။

"စိတ်ဆိုးမယ်ဆိုတာမာင်သိပါတယ်
မင်းကို တခြားသူလက်ထဲတော့ မထည့်ပေးနိုင်လို့ပါ"

"ငါ့ကိုတစ်ညတာခေါ်ထားလိုက်ယုံနဲ့ရော
မင်းပိုင်သွားသလား ငါ့ဆန္ဒမရှိရင် မင်းဘယ်လောက်ပဲ
ခေါ်ထားထား လွတ်အောင်ပြေးလို့ရတယ်"

"မောင့်အပေါ် နည်းနည်းလေးတောင်
ငဲ့မကြည့်နိုင်ဘူးလား မောင့်ကိုနည်းနည်းလေးတောင် ချစ်မပေးနိုင်ဘူးလား ဒီလောက်အထိ မုန်းမှဖြစ်မှာလား"

"မချစ်ဘူး ငါမင်းကို မြူတစ်မှုန်စာတောင်မချစ်နိုင်လို့
မမျှော်လင့်နဲ့ ငဲ့ကြည့်ပေးရအောင်လဲ ငါကမင်းအပေါ်
အပြစ်လုပ်ထားတာမရှိဘူး မင်းသာရှက်တက်ရင်
ငါ့ကိုဒီလိုနည်းနဲ့ဆွဲမထားသင့်မှန်းသိသင့်တယ်"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now