Ep-28

16.6K 1.3K 35
                                    

အချစ်ရာသက်ပန်⏱️

"မောင် ဘယ်လိုသဘောရလဲ"

ရှင်းဆက်တစ်ကိုယ်ထဲဆန္ဒထက် မောင်ကို့အိမ်ထောင်ဦးစီးအဖြစ်သဘောထားသည်မို့ မောင့်သဘောကိုလဲမေးရသည်။

"ရှင်းဆက်သဘောအတိုင်းပဲလေ မောင်ကတော့ ကောင်းသည်ဆိုးသည်မပြောချင်ဘူး"

"ငါသူ့ကိုလျစ်လျူမရှုနိုင်ဘူးမောင်ရယ်
သူငါ့အပေါ် ဘယ်လောက်ပဲ မကောင်းခဲ့ပါစေ
ငါပစ်မထားနိုင်ဘူး သူငယ်ချင်းဆိုတဲ့အသိက ငါ့ဒေါသတွေကို ပြေစေခဲ့တာ"

"အင်းပါရှင်းဆက်ရယ် မင်းဘယ်လောက်အထိ သဘောထားနူးညံ့လဲဆိုတာ မောင်အသိဆုံးပါ
မောင်က မင်းလုပ်သမျှကို သဘောတူပေးမှာ
မောင့်အနေနဲ့ မင်းအတွက် နည်းနည်းစိတ်မချဖြစ်မိပေမဲ့
မင်းပြောသလို သူငယ်ချင်းဆိုတာကြောင့် ဟန်နီအသိစိတ်ဝင်လောက်မှာပါ"

ရှင်းဆက်နဲ့မောင် တိုင်ပင်ပြီး ဟန်နီကို ခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြသည်။
မပေါ့မပါးကြီးနဲ့ဂေဟာမှာထားခဲ့ဖို့ကလဲ ဘယ်လိုမှစိတ်မချနိုင်။
ဝဋ်ကြွေးလို့ပဲပြောရတော့မည်ထင်သည်။
မိဘမဲ့တစ်ယောက်ကမွေးတဲ့ကလေးလေးက မိဘမဲ့လေးဖြစ်သွားမှာ ရှင်းဆက်စိုးရိမ်သည်။

ဂေဟာမှုးကိုတိုင်ပင်တော့လဲ သဘောတူပေးသည်။
ခေါင်းမာသည်ကဟန်နီ။
ရှင်းဆက်အပေါ်အားနာလို့ထင်သည် မလိုက်ချင်ဘူးပဲငြင်းသည်။

"မောင် ဟန်နီပစ္စည်းတွေယူပြီး ကားပေါ်ကသာစောင့်နေလိုက် ငါခေါ်လာခဲ့မယ်"

"အင်း ဒါဆို မောင်သွားနှင့်မယ်"

မောင်နဲ့ဂေဟာမှုးက အပြင်ထွက်သွားကြသည်။
ရှင်းဆက်နဲ့ဟန်နီနှစ်ယောက်ပဲကျန်ခဲ့မှ သူမကိုထပ်ပြီးနားချရသည်။

"ဟန်နီ"

"ငါမလိုက်ချင်လို့ မခေါ်ပါနဲ့လား
ငါထပ်ပြီး အရှက်မရချင်တော့လို့ပါ"

"နင့်ကိုယ်နင် မိဘမဲ့တစ်ယောက်ကိုတာ
သတိရစမ်းဟန်နီ…နင့်လိုဘဝမျိုးမှာ နင့်ကလေးကိုထားချင်လို့လား ဟင်……နင်ဒီမှာပဲနေရင် နင့်ကလေးက
သေချာပေါက် မိဘမဲ့လေးပဲဖြစ်သွားမှာ နင်ရှိတယ်ဆိုရင်တောင် သူ့အဖေမရှိဘူး နင်အဲ့လိုဖြစ်စေချင်လို့လား"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now