Ep-12

17.7K 1.6K 109
                                    

အချစ်ရာသက်ပန်⏱️

ရှင်းဆက်ကိုတွေ့ကာ အကျိုးအကြောင်းပြောချင်သည်မို့
ဦးစိုင်းဇေယျာအိမ်သို့ဝဠာလာခဲ့သည်။
ဒါရောဆို သုံးကြိမ်မြောက်ဖြစ်သည်။
ပြီးခဲ့တဲ့နှစ်ခေါက်လုံးတွင် ရှင်းဆက်ကိုမတွေ့ခဲ့ရ။
ဝဠာ့ကို အိမ်ထဲပင်ဝင်ခွင့်မပေးခဲ့။

ဒီအတောအတွင်း ဟန်နီ့အဖေရဲ့ကုမ္မဏီမှာ ဝဠာအလုပ်ဝင်ဖြစ်ခဲ့သည်။
ဟန်နီကတော့ အနားယူချင်သေးသည်ဆိုတာကြောင့်
ကုမ္မဏီကို လွှဲမယူသေးပေ။

ဦးစိုင်းဇေယျာအိမ်ရှေ့တွင် ဝဠာရောက်တော့ အစောင့်ကအနားရောက်လာသည်။

"မင်းလာပြန်ပြီလား မင်းကို မတွေ့ချင်ဘူးလို့
ငါတို့ဆရာကပြောထားတယ်လေ"

"ကျနော်ရှင်းဆက်နဲ့တွေ့ချင်တာ
သူနဲ့တွေ့ပြီးရင်ပြန်မှာ"

နောက်ထပ်လူတစ်ယောက်ထပ်ရောက်လာပြီး
ပထမလူကိုစကားကပ်ပြောသည်။
ထို့နောက်……

"မင်းကိုငါတို့ဆရာကတွေ့မယ်တဲ့"

ဝဠာအထဲဝင်ခွင့်ရခဲ့သည်။
အထဲရောက်တော့ ဦးစိုင်းဇေယျာကထိုင်စောင့်နေသည်။

"မင်းဘာကိစ္စရှိလို့လဲ
မင်းကိုလက်မခံလို့ဝင်ခွင့်မပေးတာ ဘာလို့ထပ်လာနေတာလဲ ခွန်းဝဠာဟန်"

"ကျနော်ရှင်းဆက်နဲ့တွေ့ချင်တာအန်ကယ်
ကျနော်သူ့ကိုရှင်းပြစရာရှိလို့"

"ငါ့သားဒီမှာမရှိဘူး မင်းရှင်းပြချင်တာကဘာလဲ
ရှင်းဆက်နဲ့ကွာရှင်းဖို့အတွက် အကြောင်းပြချက်ရှာတာလား ငါ့သားကမင်းအတွက် ကွာရှင်းစာချုပ်ထားခဲ့တာပဲလေ မင်းလျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရနေပြီပဲ
တစ်ခုတော့ မင်းကိုသတိပေးမယ်
ဟန်နီချိုနဲ့မင်းကို ငါကအလွတ်ပေးမှာမဟုတ်ဘူး
ငါ့သားနစ်နာခဲ့ရတာတွေအတွက် တန်ရာတန်ကြေး ပြန်ပေးခိုင်းမှာ"

"ကွာရှင်းစာချုပ်ကိုကျနော်ရပါတယ်
အဲ့ဒီအတွက်လဲ ရှင်းဆက်ကိုကျေးဇူးတင်တယ်
ဒီအတိုင်းကျနော်သူနဲ့ပြောချင်တာတွေရှိတာနောက်ပြီးကျနော်သိချင်တယ် ဟန်နီ့ကို မသေယုံတမယ်ဒုက္ခပေးထားတာတောင် အန်ကယ်မကျေနပ်သေးဘူးလား"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now