အချစ်ရာသက်ပန်⏱️
"မွေးရပ်မြေပြန်ရမယ်ဆိုတော့
ပျော်လား မြန်မာကောင်လေး""ပျော်တယ် မပျော်ဘူးထက် နည်းနည်းစိတ်လှုပ်ရှားမိတာပါ ကျနော်လုပ်ချင်တာတွေ စတင်ဖို့အချိန်တန်ပြီဆိုတော့
ထင်သလိုဖြစ်မလာမှာတွေးပူမိသား""မင်းလုပ်နိုင်မှာပါ"
"မျှော်လင့်ရတာပါပဲ
ခင်ဗျားအလုပ်တွေလဲ ကျနော်ကူညီပေးပါ့မယ်""ဒါဆို ကိုယ်ဧည့်သည်တွေ့စရာရှိလို့
အရင်လိုက်ခဲ့ပေးပါလား ပြီးမှ မင်းအိမ်ကိုသွားရအောင်လေ""အဆင်ပြေတယ် အဲ့လိုလဲ"
ခရီးဆောင်အိတ်ကိုယ်စီဖြင့်လေယာဉ်ပေါ်တက်ခဲ့ကြသည်။
နာရီအနည်းငယ်ကြာလေယာဉ်စီးပြီးနောက်
ရှင်းဆက်ဇာတိမြေစီပြန်ရောက်ခဲ့သည်။
အဖေ့ကိုတော့ လာမကြိုဖို့ပြောထားတာမို့
လွှတ်ပေးသည့်ကားနှင့်သာ Nakamot၏ ခရီးစဉ်စီလာခဲ့ကြသည်။"ကျနော်ခဏနာ နားချင်လို့
ရောက်ရင် နှိုးလိုက်နော် Nakamoto အားမနာနဲ့""အင်းပါ"
ရှင်းဆက်ရင်းနီးပြီးသားပတ်ဝန်းကျင်တွေမို့
အထွေအထူးပြောင်းလဲတာမျိုးလဲမရှိတာကြောင့်
လိုက်ကြည့်မနေဘဲ မျက်လုံးအနားပေးလိုက်သည်။
~°~°~°~°~°~°~°~°~°~ခဏနေရင် ရောက်မည်ဆိုသည့် ဂျပန်လုပ်ငန်းရှင်ကြောင့်
ဦးကျော်ခေါင်တို့သားအဖနှင့်အတူ တခြားတာဝန်ရှိသူတွေရော ဝဠာရော ကုမ္မဏီရှေ့ထွက်စောင့်နေရသည်။ဝဠာကတော့ ဟန်နီနဲ့ခပ်လှမ်းလှမ်းတွင်သာရပ်နေလိုက်သည်။
ကုမ္မဏီရှေ့ထိုးဆိုက်လာသည့်ကားအရှည်ကြီးကို
ဝဠာရင်းနီးနေခဲ့သလိုပင်။
ဒီလိုကားမျိုးက ရှင်းဆက်အဖေသာမက ဘယ်သူဋ္ဌေးမဆို
စီးနိုင်တာပါပဲ။ဦးကျော်ခေါင်ကစ အရိုအသေပေးခေါင်းငုံသည်မို့
အကုန်လုံးလဲ လိုက်ပြီးခေါင်းငုံ့ရသည်။ခြေသံဖွဖွကလွဲပြီး ဘာသံမှပင်မကြားရချေ။
"Nakamoto"
သြရှရှအသံကိုလဲ ဝဠာရင်းနီးစွာကြားဖူးသည်။
မော့ကြည့်ချင်သော်လည်း မဖြစ်နိုင်ပြန်။
YOU ARE READING
အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)
Romanceချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)