Ep-30

17.1K 1.2K 39
                                    

အချစ်ရာသက်ပန်⏱️

"မောင် ခဏအပြင်ကပဲစောင့်နော်
ငါအထဲကို ဟန်နီနဲ့လိုက်သွားလိုက်မယ်"

"အင်း မောင်စောင့်နေမယ်"

ဟန်နီ့ကိုဆေးခန်းလာပြပေးကြခြင်း။
မောင်ကအခုလိုကိစ္စတွေနားမလည်တာမို့ အပြင်ကသာစောင့်ခိုင်းလိုက်ပြီး ရှင်းဆက်အထဲထိလိုက်လာခဲ့သည်။
ဆရာဝန်က ဟန်နီ့ကို စစ်ဆေးပေးနေတာမို့ ရှင်းဆက်ရပ်ကြည့်နေလိုက်သည်။

"သမီး အရင်ကပေးတဲ့ဆေးတွေ မသောက်ဘူးလား"

ဆရာဝန်အမျိုးသမီးကမေးတော့ ဟန်နီကမျက်နှာမကောင်းစွာခေါင်းယမ်းသည်။

"ဘာလို့လဲသမီး အဲ့ဆေးတွေသောက်မှ ရောဂါဝေဒနာကိုထိန်းထားနိုင်မှာသိရက်သားနဲ့ ဒီကမောင်လေးက သူ့အမျိုးသားလား"

"ကျနော် သူ့အကိုပါ ဒေါက်တာ ဟန်နီကဘာရောဂါဖြစ်လို့လဲကျနော်တစ်ခုမှမသိထားလို့ပါ
ခုနက ဆေးမသောက်ဘူးဆိုတာကရော ဘာဆေးတွေပေးထားလို့လဲဗျ"

"သမီးကအုပ်ထိန်းသူကိုပြောမပြထားဘူးထင်တယ်"

ဟန်နီ့ဘက်ကိုလှည့်ကြည့်တော့ ရှင်းဆက်ကိုသိစေချင်ပုံမရ။
သို့သော်လည်း ရှင်းဆက်သိရမှဖြစ်မှာမို့ မေးရတော့မည်။

"ပြောပါဒေါက်တာ ကျနော့်ကိုလျှို့ဝှက်စရာမလိုပါဘူးဗျ
အကြောင်းအရင်းကို ကျနော်သိမှ ဟန်နီ့အတွက် ဖြေရှင်းပေးလို့ရမှာမို့ပါ"

"ဒီလိုဆိုလဲ ပြောပြပါ့မယ်
လူနာကသိစေချင်ပုံမရပေမဲ့ ရောဂါအခြေအနေကြောင့်
ပြောပြမှဖြစ်မှာမို့ပါ သမီးဒီတိုင်းသမီးအကိုကိုအသိပေးရအောင်"

ခေါင်းငြိမ့်ပြသည့်ဟန်နီက မျက်ရည်ကျနေပြန်သည်။
ဘာကဆိုးဆိုးရွားရွားဖြစ်လာအုံးမလဲဆိုတာ ရှင်းဆက်ရင်ထိတ်နေရသည်။

"လူနာက သားအိမ်ကင်ဆာဖြစ်နေတာပါ
အရှင်းဆုံးပြောရရင် သားအိမ်က တော်တော်လေးပျက်စီးနေခဲ့လို့ပါ ကုသဖို့တောင်ခက်ခဲတာမဟုတ်ပေမဲ့
သားအိမ်ထုပ်ပစ်ရမဲ့အခြေအနေပါ ဒါပေမဲ့ ကိုယ်ဝန်ကြောင့် အဲ့လိုလုပ်လို့မရဘူးဆိုတာ ငါ့မောင်လဲသိမှာပါ
ဆေးသောက်ပြီး အခြေအနေကိုထိန်းထားလို့ရအောင်
ဆေးတွေပေးထားပေမဲ့ လူနာကမသောက်တော့ အရင်ထက်တောင် အခြေအနေဆိုးလာတယ်
ကလေးမွေးချိန်ရောက်ရင်လဲ ခက်ခဲမဲ့အခြေအနေဖြစ်နေပြီ"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now