အချစ်ရာသက်ပန်⏱️
"မောင့်ကြောင့် အဖေဆူတာခံရတော့မယ်"
"ဘာလို့လဲရှင်းဆက်ရဲ့"
တိုက်ခန်းမပြန်ကြသေးဘဲ နှစ်ယောက်အတူ စက္ကူပန်းပင်အောက်ထိုင်နေကြခြင်း။
"ငါက ဂျပန်သွားတော့မယ်ဆိုပြီး
အဖေ့ကိုပြောထားခဲ့တာလေ အခုမောင့်စီရောက်လာတော့
အဖေကသူ့ကိုလိမ်တယ်ဆိုပြီး ငါ့ကိုဆူတော့မှာ""အဖေဆူရင် မောင့်စီပြေးခဲ့ပေါ့ရှင်းဆက်ရဲ့
မောင်ကရင်ခွင်ကြီးဖွင့်ပြီးဖမ်းထားပေးမှာ""အမယ် မောင်ပဲပြောတက်တယ်
မောင်လဲအဖေနဲ့လိုက်တွေ့လေ အဲ့ဒါမှ ငါတစ်ယောက်ထဲအဆူမခံရမှာ""အတူသွားမယ်လေဒါဆို"
"အင်း ငါအခုဗိုက်ဆာတယ် မောင့်စီကိုအပြေးလာရတာနဲ့
နေ့လည်စာတောင်သတိမရတော့ဘူး""ဒီနေ့ဂေဟာကို အလှူရှင်တွေလာတယ်
ကလေးတွေစားပြီးရောပေါ့ မောင်တို့သွားစားကြမလား""အင်း ဂေဟာကထမင်းမစားရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ"နေရာကအရင်ဆုံးထသည့် ရှင်းဆက်ကို ဝဠာမော့ကြည့်နေမိသည်။
"သွားမယ်လေ မောင်"
အလိုက်သိစွာလက်ကမ်းတော့ ဝဠာ့ရင်ထဲကြည်နူးရပြန်သည်။
ချစ်ရဲ့သားနဲ့ဘာလို့များဖုံးကွယ်ချင်ရတာတဲ့လဲ။"ငါတို့ငယ်ငယ်ကလဲ အခုလို လက်တွဲပြီးလမ်းလျှောက်ဖူးတယ်မှတ်မိလား"
"အင်း လူတစ်ယောက်ကိုလက်တွဲပြီးလမ်းလျှောက်ဖူးတာ
ရှင်းဆက်က ပထမဆုံးပဲ""မောင်ပြောတော့ ပထမဆုံးသူငယ်ချင်းကဟန်နီဆို
သူနဲ့အရင်လျှောက်ဖူးမှာပါ""မဟုတ်ဘူး မောင့်ရဲ့ပထမဆုံးသူငယ်ချင်းကလဲမင်းပဲ
မောင့်ဘဝရဲ့အစိတ်အပိုင်းအများစုရဲ့ပထမဆုံးက မင်းချည်းပဲလေ""တကယ်လား လိမ်နေတာလား"
"မလိမ်ပါဘူးတကယ်ပြောတာ မယုံဘူးလား"
"ကျန်တာတွေမယုံချင်ပေမဲ့ တစ်ခုတော့ယုံတယ်"
"ဘာလဲ"
YOU ARE READING
အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)
Romanceချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)