Ep-27

19.8K 1.3K 31
                                    

အချစ်ရာသက်ပန်⏱️

"မောင် မင်းရင်သွေးလိုချင်လားဟင်"

"ဟမ်"

စာရင်းဖိုင်တွေကြားအလုပ်များနေရင်းက
ဝဠာ့ကိုမေးလာသည်မို့ အိပ်ရင်းထနေ ထထိုင်မိသွားသည်။

"မောင်ကလေးချစ်တယ်မို့လား
ငါ့တို့ကလေးလေးဆုံးသွားတော့ မောင်လဲခံစားရမှာပဲလေ အဲ့ဒါကြောင့် လိုချင်လားလို့"

ဝဠာခုတင်ပေါ်ကဆင်းကာ ရှင်းဆက်အလုပ်လုပ်နေသည့်နားလာခဲ့သည်။

"ရှင်းဆက်…မောင့်ကြောင့် ကလေး…ကလေးထပ်ရှိသွားလို့လားဟင် မောင်အဲ့လိုဖြစ်ဖို့မရည်ရွယ်ပါဘူး
ရှင်းဆက် မမွေးချင်ရင် မမွေးပါနဲ့ မောင့်ကိုဂရုမစိုက်လဲရတယ်"

"မဟုတ်ပါဘူးမောင်ရာ ငါ့စီမှာဘာကလေးမှမရှိပါဘူး
တကယ်လို့ ငါမွေးချင်တယ်ဆိုရင်တောင်……
ဟင်း……မွေးလို့မရတော့ဘူး"

"ဟင်…ဘာ…ဘာလို့လဲ
မောင်မသိသေးတာ တစ်ခုခုဖုံးကွယ်ထားတာလား"

"ငါကလေးယူလို့မရတော့ဘူးမောင်
အဲ့ဒီတုန်းက ဗိုက်ထိသွားတာအပြင် ခါးဒဏ်ရာပါပြင်းသွားတော့ ကိုယ်ဝန်ထပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့
ငါ…ငါ မောင့်အတွက် ကလေးလေးမွေးပေးချင်ပါတယ်"

"ရှင်းဆက်ရယ်……မောင့်ကြောင့် "

စိတ်မကောင်းဖြစ်သွားသည့် ရှင်းဆက်ကို ဝဠာဖက်ထားလိုက်တော့ ဗိုက်ကိုမျက်နှာလေးအပ်ကာ တသိမ့်သိမ့်ငိုလေသည်။
တကယ်တမ်း အပြစ်ရှိသူက မောင်ပါရှင်းဆက်ရယ်။

"မငိုပါနဲ့…အဲ့ဒီအတွက်မငိုပါနဲ့ရှင်းဆက်ရယ်
ဘာမှားခဲ့လို့လဲ မောင့်ကြောင့်ဖြစ်ခဲ့တာကို
မောင့်အပြစ်မို့ ရှင်းဆက်က မငိုပါနဲ့"

"ငါက…ငါက သေချာလေး ဂရုတစိုက်နေရမှာကို"

"မဟုတ်တာ ရှင်းဆက်က အကောင်းဆုံးလုပ်ခဲ့တာပါ
မောင်ကသာမသိခဲ့လို့…မောင့်ကိုပဲအပြစ်တင်ပါ
မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့ကွာ တောင်းပန်ပါတယ်မောင်ရင်နာလို့ပါ"

တုန်နေသည့် ကျောပြင်လေးကို ပုတ်ပေးနေမိသည်။
ရှင်းဆက်ရယ် မင်းကခွင့်လွတ်ပေမဲ့ ကလေးလေးကမောင့်ကိုခွင့်မလွတ်နိုင်ဘူးထင်ပါရဲ့။
ဒါကမောင့်အတွက် သူပေးတဲ့နာကျင်ခြင်းပဲဖြစ်မှာပါ။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now