Ep-14

17.4K 1.6K 136
                                    

အချစ်ရာသက်ပန်⏱️

အမြဲကိုင်လိမ့်မည်မျှော်လင့်ခဲ့သည့် ဖုန်းနံပါတ်ဟာ
အခုတော့ဖြင့် စက်ပိတ်ထားသည်တဲ့လေ။
ဝဠာ အစောကြီးကတည်းက ရှင်းဆက်စကားကို
အလေးထားခဲ့သင့်တာ။
နည်းနည်းလေးဖြစ်ဖြစ် ယုံကြည်ခဲ့သင့်တာကို။

ဘယ်လိုပဲဖြစ်ဖြစ် ရှင်းဆက်ကိုတော့ ရအောင်ဆက်သွယ်ရမည်။
ဝဠာတဖက်သတ်ဆန်ခဲ့တာမိတာတွေအတွက်
ရှင်းဆက်ခွင့်မလွတ်နိုင်ရင်တောင် ကျေနပ်လောက်တဲ့အထိတော့တောင်းပန်ရမည်။

မသွားတာကြာပြီဖြစ်သည့် ဦးစိုင်းဇေယျာအိမ်သို့
လာခဲ့သည်။
ဦးစိုင်းဇေယျာကတော့ ရှင်းဆက်ကို ပြန်ခေါ်ပေးနိုင်မှာပါ။

"မကြိုဆိုဘူးလို့ ပြောခဲ့တာကို
မင်းထပ်လာပြန်တာပဲ ခွန်းဝဠာဟန်
အခုဘာထပ်သိချင်သေးလို့လဲ"

"ကျနော်အားလုံးသိလိုက်ပြီမို့
ထပ်မသိချင်တော့ဘူး အန်ကယ်
ရှင်းဆက်ကိုပြန်ခေါ်ပေးပါ"

"သူဂျပန်မှာ လုပ်ငန်းတွေလေ့လာနေတယ်"

"သူရှိတဲ့နေရာကို လိုက်သွားဖို့
ကျနော့်မှာ အရည်အချင်းမရှိဘူးဆိုတာ အန်ကယ်သိပါတယ် အဲ့ဒါကြောင့် ရှင်းဆက်ကိုခေါ်ပေးပါ
ကျနော်မှားခဲ့တာမို့ ကျနော်တောင်းပန်ချင်လို့ပါ"

"မင်းသိပြီးပြီဆိုတော့ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတာပါ သဘောပေါက်မှာပါ ရှင်းဆက်ကိုတောင်းပန်ချင်ရင်
ဟန်နီချိုတို့ သားအဖကို အရင်ဆုံးပွဲသိမ်းပေးရမှာမဟုတ်ဘူးလား"

"ဟန်နီက ကျနော်ငယ်ငယ်ကတည်းက
ခင်တွယ်ခဲ့တဲ့မိန်းကလေးမို့ ကျနော်မလုပ်ရက်ဘူး
အချိန်တန်ရင် သူ့လမ်းသူရောက်သွားမှာပါ
ရှင်းဆက်ကိုလဲ ကျနော်တောင်းပန်မှာပါ
အဲ့ဒါကြောင့် သူ့ကိုပြန်လာခိုင်းပေးပါ
သူကျနော့်အပေါ် စိတ်ဆိုးနေမယ်ဆိုတာကျနော်သိတယ်"

"မင်းထင်တာထက်တောင်ပိုပါသေးတယ်
မင်းအနေနဲ့ ဟန်နီချိုကို ဘာမှမလုပ်ရက်ရင်တောင်
ငါကတော့ ငါ့သားအတွက် တုန့်ပြန်ရမှာပဲ"

"အန်ကယ်"

"ရှင်းဆက်အလိုရှိတာ အဲ့ဒီဟာပဲခွန်းဝဠာဟန်"

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Where stories live. Discover now