ဂန္တဝင်မှ ၂၁ရာစု ထံသို့ ပေးစာ

3.2K 377 47
                                    

ခေါင်းစဉ် က သည်လို တပ်ထားပေမယ့်
တကယ်က ဒီကောင်မလေးက သူ့စာဖတ်သူတွေ ထံ ပေးမယ့် စာပါ 💜

ပထမဆုံးပြောချင်တာ က ဒီဝတ္ထု က်ိုရေးတဲ့အခါ စာအုပ်တွေ ရှာဖတ်ရ တစ်ချို့စာအုပ်တွေ ဆို ဝယ်လို့မရလို့ စာကြည့်တိုက်မှာ ဘဲ တစ်ထိုင်တည်း ဖတ်ခဲ့ရတာမျိုးလည်း ရှိပါတယ်🤣

ပေးထားတဲ့ နာမည် ကို က ဂန္တဝင်၌ တွယ်ငြိခြင်း ဖြစ်တာ မို့ စာဖတ်သူတို့ တွယ် ငြိတဲ့ အခါ မှာ လှလှ ပပ
တွယ်ငြိနိုင်အောင်
ကာလ ဒေသ နောက်ခံ အဖွဲ့ ကို
အသေးစိတ် သတိထားပြီး ဖွဲ့ခဲ့ရပါတယ်။

ဒါမှ ဗဟုသုတလည်း ရ
တွယ်လည်းငြိရမှာကိုးနော့် 💜

စကားအပြောအဆို အသုံးအနှုန်း ကို
ရေးတဲ့အခါ အရမ်းရှေးဆန် နေရင်
စာဖတ်သူတွေ ထောက်နေမှာ စိုးတာနဲ့ နားလည်လွယ်အောင် သဘောပေါက်လွယ် အောင် ပြောင်းရေးတာ မို့ တစ်ချို့ စာသားလေး တွေ က ခေတ်နဲ့ မလျော်ညီတာ မျိုးလေးတွေ ရှိကောင်း
ရှိနိုင်ပါတယ်ဒါကိုတော့
နားလည်ပေးစေလိုပါတယ်

နောက်တစ်ချက်က ဒီစာအုပ်အတွက် references ယူတာ ပေါ့နော်
အပေါ်အပိုင်းတွေ မှာ လည်းပြောပြီးခဲ့ပေမယ့် အခု အသေးစိတ်ထပ်ပြောချင် လို့ပါ
ဒါမှ သာ မူရင်း ဖန်တီး သူက်ို
လေးစားရာကျမှာပေါ့ရှင်

ပထမတစ်အုပ် က

ဆရာ ကထိက ဦးစိန်လွင်လေးရဲ့ ကေတုမတီ တောင်ငူ သမိုင်းကြောင်းဆိုတဲ့
စာအုပ်ပါ
(ယူ ထားတဲ့ အပိုင်း က ပျို့ ဧချင်း နဲ့ သေနင်္ဂဗျူဟာပျို့ အပိုင်း)

နောက်တစ်အုပ် က
မှန်နန်းရာဇဝင်တော်ကြီး ဒါကတော့ စာကြည့် တိုက်မှာ ထိုင်ဖတ်ခဲ့ရပြီး လို တဲ့ Note ဘဲ ယူ ခဲ့တာမို့ ဘယ်အပိုင်းတွေ ယူခဲ့မှန်းတောင် သေချာမမှတ်မိတော့

နောက်ဆုံး အနေ နဲ့ ပို ပြီး လက်တွေ့ကျ နီးစပ် သရုပ်ကြွ တဲ့ သမိုင်း ဖြစ်ဖို့
ဆရာ သော်တာ ဆွေ ရဲ့
ပုဂံသူရဲကောင်းများ စာအုပ်ကို ကိုးကားယူပါတယ်

ဘာလို့ဆို ဆရာသော်တာဆွေ တို့ ဆရာချစ်ဦးညိုတို့ဟာ သမိုင်း ကို တစ်ကျော့ပြန် ဖွဲ့တဲ့ အခါ တကယ် သရုပ်ကြွ တာ
မို့ရယ်ပါလေ

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now