Part 27

3K 546 58
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၇)

သော်က နှုတ်ခမ်း တို့ကို ပြန်ခွါလိုက်ပြီး
ရာဟု ကို
သေသေချာချာ စေ့စေ့ကြည့်ကာ

"နောင်တ ထပ်ရချင်လို့ လားရာဟု
သေသွားကာမှ ငါ နောက်ဆုံးဆန္ဒ မဖြည့်ပေး လိုက်နိုင်ခြင်းဆိုပြီးတော့လေ

အဖထွက်သွားတုန်း က လို
တူညီတဲ့နောင်တမျိုး ရချင်လို့လား"

"ဟင့်အင်း"

"ခင်ဗျား လုပ်နိုင်ပါတယ်
ကျွန်တော်လည်း ဘေးမှာရှိမှာမို့
လုပ်နိုင်မှာပါ နော် ရာဟု"

"အင်း အခုတော့ ကိုယ်တော်
လုပ်နိုင်တော့မယ်
ထင်တယ"

ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ အချစ်ရဲ့ ဂုဏ်သတ္တိတစ်ခုကတော့
အနမ်းတစ်ပွင့်ကနေ သတ္တိနဲ့ယုံကြည်မှုကို မွေးဖွား ခြင်းဘဲ ဖြစ်လေသည် ။

သည်လိုနဲ့ အနှစ်နှစ် အလလ က ရ ခဲ့တဲ့
စိတ်ဒဏ်ရာဟာ သည်ကောင်လေး ရဲ့ အနမ်းတစ်ပွင့်အောက်မှာ ဒူးထောက်ကျဆုံးသွားမယ်လို့ ဘယ်ထင်ခဲ့ရပါ့မလဲ။

"တကယ်ပါ ကိုယ်တော် ဘဝမှာ
ရွေးချယ်မှုတွေထဲ
ရှင်သန်လှုပ်ရှားရင်း ရရှိခဲ့တဲ့
ဆုလာဘ်တွေ ထဲ မှာ
မောင်မင်း ဟာ အမြတ်နိုးရဆုံးပါဘဲ"

ရာဟု က မြတ်နိုးစွာ သော်က လက်ကို ယုယုယယ ကိုင်ပြီး စကားဆိုလေတော့

သော်က လည်း ပြုံးရင်း ရာဟု လက်ကို သာ ပြန်လည် ဆုပ်ကိုင်ထားမိလေသည်။

'ယောက်ကျား တစ်ယောက် ရဲ့ ကြင်နာ မှုကို ရတဲ့ယောက်ကျား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် က ဘယ်လောက်တောင်
ကံကောင်းလိုက်သလဲ နော်'

'ဝဋ်ကြွေး လို့ ပြောကြပါစေဦး
ဒီ ဝဋ်ကြွေး အရမ်း ချိုမြိန်လို့ ကျွန်တော် တော့ ရုန်းမထွက်ချင်လောက်
အောင်တွယ်ငြိနေပါပြီလေ
ကျိန်စာတော့ ကျိန်စာပေါ့
ဆုတောင်းကောင်း လို့ လှလှ ပပထွက်လာတဲ့ကျိန်စာ လေးပေါ့'

ဆင်အို တစ်ကောင်ရဲ့ နောက်ဆုံး ဆန္ဒ ဟာ
ညနေခင်းရဲ့ ဆည်းဆာအောက်မှာ
တစ်စုံတစ်ယောက်ကြောင့်
ပြည့်ဝသွားခဲ့လေတော့သည်။

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now